Healthy Life Ad
International

မျက်နှာမှ ၃၃ပေါင်အလေးချိန်ရှိ အသားပိုတွဲကျနေသည့် တရုတ်ဆင်လူသား

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ ဆင်လူသားလို့အမည်တွင်နေတဲ့ အသက် ၃၉နှစ်အရွယ် ဟွမ်ချွန်းချန်ဟာ Neuro-fibromatosis ခေါ် ခန္ဓာကိုယ်ရောင်၊ အသားပိုဖြစ်ပွားစေတတ်တဲ့ မျိုးဗီဇရောဂါတစ်မျိုး ခံစားနေရပါတယ်။ မိဘမျိုးရိုးလိုက်တတ်တဲ့ ရောဂါမျိုးဖြစ်ပေမယ့် ၅၀ရာခိုင်နှုန်းခန့်အထိက မမွေးခင်ကတည်းက ဆဲလ်မျိုးကွဲရာမှ ရောဂါဖြစ်ပွားလေ့ရှိကြောင်းသိရပါတယ်။

ဟွမ်မှာ အသက် ၄နှစ်အရွယ်ကတည်းက မျက်နှာအသားပို စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ တခြားကလေးတွေရဲ့ လှောင်ပြောင်ကဲ့ရဲ့တာတွေကြောင့် ပညာကောင်းကောင်းမသင်ခဲ့ရဘဲ ကျောင်းထွက်ခဲ့ရပါတယ်။ ၂၀ဝ၇ခုနှစ်က ပထမဆုံးအကြိမ်ခွဲစိတ်ကုသမှုခံယူခဲ့ပြီး စေတနာရှင်တွေရဲ့ လှူဒါန်းငွေနဲ့ နောက်ထပ်သုံးကြိမ်ခွဲစိတ်မှုခံယူခဲ့ပါတယ်။ ခွဲစိတ်မှုတွေကြောင့် မျက်နှာအသားပိုအရွယ်အစား လျော့သွားပေမယ့် ကမ္ဘာ့အကြီးဆုံး မျက်နှာအသားပိုရှိသူအဖြစ် မှတ်တမ်းဝင်နေပါသေးတယ်။ ဒီလိုရောဂါခံစားရသူတွေထဲမှာ အဆိုးဆုံးဝေဒနာခံစားရသူအဖြစ် ဆေးပညာရှင်တွေက ယူဆထားကြပါတယ်။

ဟွမ်ကို ဦးတည်ပြီး ဆေးပညာလေ့လာမှုတွေ၊ ရုပ်သံတွေ့ဆုံတင်ဆက်မှုတွေများစွာ အချိန်အတော်ကြာကတည်းက ပြုလုပ်နေကြပါတယ်။ လူထူးလူဆန်းပြပွဲတွေမှာ ပါဝင်ဖို့ကမ်းလှမ်းခံရပေမယ့် ဟွမ်ကငြင်းပယ်ခဲ့ပါတယ်။ ဟွမ်မှာ မျက်နှာအသားပိုကလွဲပြီး တခြားရောဂါဝေဒနာတွေ ခံစားရခြင်းမရှိကြောင်းသိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top