Healthy Life Ad
Life Style

မနက်ဖြန်မနက်တိုင်း အသားအရေချောမွေ့စေဖို့

မနက်ဖြန်တိုင်း အသားအရေလှပစေဖို့ ရိုးစင်းတဲ့နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

– နံနက်စာတွင် အင်တီအောက်ဆီးဒင့်ပါဝင်အောင်စားပါ
နံနက်စာမှာ ကိုက်လန်၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး စတဲ့ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ အစာတွေကို စားပေးပါ။

– ကောင်းစွာသန့်စင်ပါ
မျက်နှာကိုသေချာ ကြေးချွတ်ပေးနိုင်တဲ့ သန့်စင်ဆေးရည်ရွေးချယ်ပါ။ ကြေးချွတ်မျက်နှာသစ်ဆပ်ပြာက ပုံမှန်အသားအရေနဲ့ အဆီပြန်တဲ့အသားအရေကို ကြည်လင်တောက်ပြောင်စေပေမယ့် ထိခိုက်လွယ်တဲ့ အသားအရေနဲ့ ခြောက်သွေ့တဲ့အသားအရေအတွက် မသင့်တော်ပါဘူး။

– တိုနာလိမ်းပါ
တိုနာ (Toner) လိမ်းရင် အသားအရေရဲ့ pH အချိုးကိုဟန်ချက်ညီမျှစေပြီး အသားအရေချောမွေ့စေပါတယ်။

– Serum လိမ်းပါ
တိုနာလိမ်းပြီး အင်တီအောက်ဆီးဒင့်ပါတဲ့ Serum လိမ်းပေးရင် အသားအရေကိုတောက်ပြောင်စေပါတယ်။ အသားအရေကို တင်းရင်းနုပျိုကြည့်ကောင်းစေပါတယ်။

– နေကာခရင်မ်လိမ်းပါ
နေကာခရင်မ်ကို ရာသီမရွေးလိမ်းတာကြောင့် အသားအရေကို နုပျိုတင်းရင်းလှပစေပါတယ်။

– အိပ်ရေးဝ၀ အိပ်စက်ပါ
အိပ်ရေးဝ၀ အိပ်စက်အနားယူတာကြောင့် အသားအရေကို လှပကြည့်ကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top