Healthy Life Ad
International

ပစ်ထားခံရသည့်ကြောင်လေး ၂ပေါင်အလေးချိန်ရှိ ကျစ်ဆံမြီး အချောင်းလိုက်ပုံစံ အမွှေးတွေ တစ်ကိုယ်လုံးဖုံးအုပ်နေရှာ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှာ လျစ်လျှူရှု စွန့်ပစ်ခံရတဲ့ ကြောင်လေးတစ်ကောင်ဟာ ကျစ်ဆံမြီး ပုံစံအမွှေးချပ်တွေ တစ်ကိုယ်လုံးဖုံးအုပ်နေပါတယ်။ တိရစ္ဆာန်ကယ်ဆယ်ရေးသမားတွေက သနားစရာ ကြောင်ကလေးရဲ့ ၂ပေါင်အလေးချိန်ရှိ အမွှေးတွေကို ဖယ်ရှားပေးခဲ့ရပါတယ်။

ကြောင်ကလေး ဟိုက်ဒီဟာ နှစ်အတော်ကြာ လျစ်လျှူရှုစွန့်ပစ်ခံထားရကြောင်း သိရပါတယ်။ကြောင်ပိုင်ရှင်အဘိုးအိုဟာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရပြီး မကြာခင်က သက်ကြီးစောင့်ရှောက် ရေးဂေဟာသို့ ပို့ဆောင်ခံခဲ့ရပါတယ်။ ဆွေမျိုးတစ် ယောက်က အဘိုးအိုရဲ့အိမ်ကို သွားရောက်ရှင်း လင်းခဲ့ရာမှာ ဟိုက်ဒီကိုတွေ့ရှိခဲ့တာပါ။ ဟိုက်ဒီကို တွေ့တွေ့ချင်း စောင်ပတ်ထားတဲ့ကြောင်လို့ ထင်ခဲ့ ပေမယ့် မကြာခင်မှာအမွှေးတွေထူထဲနေပြီး လမ်းတောင်မလျှောက်နိုင်တော့တာကို တွေ့ခဲ့ရပါတယ်။ တိရစ္ဆာန်ကယ်ဆယ်ရေးသမားတွေက ဟိုက်ဒီရဲ့ အမွှေးတွေကို အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့ပြီး အဘိုးအိုရဲ့ဆွေမျိုးမိသားစုက စောင့်ရှောက်ထား တယ်လို့ သိရပါတယ်။

အခုဆိုရင် ကြောင်ကလေးဟာ ကျန်းမာပျော် ရွှင်နေကာ ပုံမှန်ပြန်ဖြစ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဟိုက်ဒီရဲ့အဖြစ်လို မဖြစ်ပေါ်အောင် တစ်ဦးတည်းနေထိုင်တဲ့ အသက်ကြီးဆွေမျိုးတွေနဲ့ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပုံမှန်စစ်ဆေးစောင့်ရှောက် ပေးဖို့လိုကြောင်းကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

(Ref; MR)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top