Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ချိန် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း မဖြစ်စေရန်

(၁) ရေအလုံအလောက် သောက်ပါ
နေ့စဉ် အရည်များများသောက်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆီးလမ်းကြောင်း ပိုးဝင်မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ရေဟာ ဆီးလမ်းကြောင်းရှိပိုးတွေကို ကင်းစင်စေပါတယ်။ တစ်နေ့ရေ ခြောက်ဖန်ခွက်ခန့် သောက်သင့်တဲ့အပြင် ခရမ်ဘယ်ရီဖျော်ရည်တစ်ခွက်ကိုလည်း သောက်သုံးသင့်ပါတယ်။

(၂) ဗီတာမင်မှီဝဲပါ
ကိုယ်ဝန်ဆောင်ချိန် မှီဝဲရတဲ့ ဗီတာမင်တွေက ကိုယ်ခံစွမ်းအားစနစ်ကိုကောင်းမွန်စေပြီး ဆီးလမ်းကြောင်း ပိုးဝင်မှုမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် ဗီတာမင်စီ၊ ဇင့်(သွပ်)နဲ့ ဘီတာကယ်ရို တင်းဓာတ်လိုအပ်ပါတယ်။

(၃) တာရှည်ခံအောင် အလွန်အမင်း ပြုပြင်ထားသော အစာရှောင်ပါ
သကြားအများစုပါတဲ့ အလွန်အမင်း ပြုပြင်ထားတဲ့ အစာတွေကို ရှောင်ပါ။ သကြားဟာ ဘက်တီးရီးယားပိုးကို တွန်းလှန်ပေးလေ့ရှိတဲ့ သွေးဖြူဥကို ဟန့်တားပေးလို့ပါ။

(၄) ဆီးသွားချင်စိတ်ပေါ်လျှင် ချက်ချင်းသွားပါ
ဆီးအောင့်မထားပါနဲ့။ ဆီးအိတ်ထဲမှာ ဆီးတွေအချိန်အကြာကြီးရှိနေရင် ကူးစက်ပိုးဝင်နိုင်ခြေများပါတယ်။ ဆီးသွားပြီးချိန်မှာ အိမ်သာသုံးစက္ကူနဲ့ ညင်ညင်သာသာသုတ်ပေးပါ။ အရှေ့ကနေအနောက်ဘက်သို့ သုတ်ပေးပါ။

(၅) မိန်းမကိုယ်အင်္ဂါတစ်ဝိုက်ကို သန့်စင်ပါ
ဆပ်ပြာ၊ ခရင်မ်၊ ပေါင်ဒါ၊ စပရေး ဖျန်းဆေး စတာတွေက ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆီးလမ်း ကြောင်းပိုးဝင်တဲ့ ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ရေချိုးသန့်စင်တဲ့အခါ ရေစိမ်ချိုးတာထက် ရေလောင်းချိုးပါ။ ချည်သားအတွင်းခံ ဘောင်းဘီကို တစ်နေ့တစ်ထည်ပဲဝတ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top