Healthy Life Ad
Q & A

ပင်လယ်စာနဲ့ အရက် ဘာကြောင့် မတည့်ရသလဲ

မေး ။ ကျွန်တော် ပင်လယ်စာဖြစ်တဲ့ ဂဏန်း၊ ပုစွန်တို့စားရင် အင်ပြင်ထွက်ပြီး ယားလို့ စားဆေးနှစ်မျိုး၊ သုံးမျိုးကို သုံးရက်ကြာစားပြီးမှ သက်သာပျောက် ကင်းခဲ့တယ်။ အဲဒါ အင်ပြင်ထွက်တယ်လို့ သတ်မှတ်လို့ ရပါသလား။ အရက်နဲ့ ဘီယာသောက်ရင်လည်း အင်ပြင်ထွက်ယားယံတတ်တယ်။ ဒါပေမဲ့ ပင်လယ် စာစားတာလောက်မပြင်းထန်ပါ။ ဘာကြောင့် ကျွန်တော်က ပင်လယ်စာနဲ့ အရက်တွေကို မတည့်တာလဲ၊ သွေးဖောက်စစ်ပြီး ပျောက်ကင်းအောင် ကုသဖို့လိုပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ တချို့မှာ ပင်လယ်စာ၊ ဖုန်မှုန့်၊ မြေပဲစတာတွေကို ဓာတ်မတည့်တာဖြစ်တတ်ပါတယ်။ ကိုယ်နဲ့မတည့်တာ ဘာတွေလဲ သိထားဖို့လိုသလို အဲ့ဒါတွေကို ရှောင်ဖို့လိုပါတယ်။ မတည့်တဲ့ ဓာတ်တွေကို နည်း နည်းချင်းပေးတွေ့ပြီး ကိုယ်ခံအားစနစ်က ပြုပြင်ပေးနိုင်ပေမယ့် ရာနှုန်းပြည့် ထိရောက်အောင်မြင်တယ် မဟုတ်ပါဘူး။ ဒါ့ကြောင့် မတည့်တာတွေကို ရှောင်ပါလို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top