Healthy Life Ad
Q & A

မျက်စိတိမ်မစွဲအောင် . . .

မေး။ ။ သက်ကြီးရွယ်အိုဘဝရောက်တဲ့အထိ မျက်စိတိမ် မစွဲစေဖို့နဲ့ တိမ်ခွဲဖို့အဆင့်အထိ မရောက်စေဖို့ ဘယ် လို ထိန်းသိမ်းသင့်ပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ အတွင်းတိမ်ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျပြောဖို့ မလွယ်ဘူး။ အကြမ်းဖျင်းအားဖြင့် ပြော မယ်ဆိုရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အတွင်းတိမ် (Age Related Cataract)နဲ့ ရောဂါတစ်ခုခုကို အခြေခံပြီးဖြစ်တဲ့ အတွင်းတိမ်(Secondary Cataract) ဆိုပြီး အုပ်စုနှစ်ခုရှိပါတယ်။ အသက်အရွယ် ကြောင့်ဖြစ်တာမှာ အသက်ကြီးလို့ဖြစ်တဲ့ Serile Cataract နဲ့ မွေးရာပါအတွင်းတိမ် (Congenital Cataract) ဆိုပြီး နှစ်မျိုးရှိတယ်။

Secondary Cataract အကြောင်းပြောပြရမယ်ဆိုရင် မျက်လုံးထဲမှာရှိတဲ့ မှန်ဘီလူး နောက်သွားရာက အတွင်းတိမ်ဖြစ်တာ။ အဲဒီမှန်ဘီလူးက သန္ဓေသားဘဝမှာ Ectoderm ဆိုတဲ့ Structure တစ်ခု ထွက်လာပြီးအတွင်း Ectoderm က အရေပြားကလည်း ဖြစ်လာတယ်။ မျက်လုံးမှာရှိတဲ့ မှန်ဘီလူးကလည်း ဖြစ်လာတယ်။ အသက်ကြီးလို့ ပါးရေတွန့်သလိုပဲ အတွင်းတိမ်ဖြစ်လာတာက သဘာဝဖြစ်စဉ်တစ်ရပ်ပါပဲ။

ဒါ့အပြင် အရေပြားနဲ့ ဆက်စပ်နေတဲ့ အရေပြားရောဂါတွေဖြစ်တဲ့ Atopic Dermatitis နဲ့ နှင်းခူ (Eczerma)တို့ကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်တယ်။ ကြွက်သားကြုံလှီတဲ့ရောဂါ (Muscular Dystrophy) ဖြစ်တဲ့ ကလေးငယ်တွေမှာလည်း အတွင်းတိမ်ဖြစ်တာ ပိုများတယ်။ အရိုးမှာဆိုရင်လည်း အရိုးရောဂါတစ်မျိုးဖြစ်တဲ့ Osteogenesis Im-perfecta ကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်တယ်။ Endocrine မှာဆိုရင် ဆီးချိုသွေးချိုရောဂါနဲ့ သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းနည်းတဲ့ (Hypothy-roidism) ရောဂါသည်တွေမှာလည်း အတွင်းတိမ် ဖြစ်တာများတယ်။

Trauma လို့ခေါ်တဲ့ မျက်စိမှာ ထိခိုက်ဒဏ်ရာရတာကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်ပါတယ်။ မျက်စိကို ထိခိုက်ဒဏ်ရာရတာမှာ မျက်စိကို လက်နဲ့ ထိုးမိတာ၊ တုတ်နဲ့ထိုးမိတာစတဲ့ တိုက်ရိုက် ထိတွေ့မှုကြောင့် အတွင်းတိမ်ဖြစ်တတ်သလို ဓာတ်ရောင်ခြည်သင့်ခြင်း (Radiation) ကြောင့်လည်း အတွင်းတိမ် ဖြစ်တတ်တယ်။ ပြီးတော့ နေရောင်ခြည်မှာပါတဲ့ UV Light နဲ့ ထိတွေ့မှုများတာကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်တယ်။ Intraoccular Inflammation ဆိုတဲ့ မျက်လုံးရောင်ရမ်းခြင်းကြောင့်လည်း Complicated Cataract ဆိုတဲ့ အတွင်းတိမ်ဖြစ်လာတယ်။

အတွင်းတိမ်မဖြစ်အောင် ကာကွယ်မယ်ဆိုရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အတွင်းတိမ်ကိုတော့ ကာကွယ်လို့မရပါဘူး။ ရောဂါအခံတစ်ခုခုကိုအခြေခံ ပြီးဖြစ်တဲ့ Secondary Cataract ကိုတော့ ကာကွယ်လို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top