Healthy Life Ad
Q & A

ပိန်နေလို့ ဝချင်ပါတယ် . . .

မေး. ကျွန်တော့် အသက်၁၇နှစ်ပါ။ ပိန်နေလို့ ဝချင်ပါတယ်ခင်ဗျာ။ ဘယ်လိုစားသောက်နေထိုင်ရင် ဝလာနိုင်ပါသလဲ။
ထက်နိုင်၊ ထောက်ကြန့်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဝချင်တာက လွယ်ပါတယ်။ အသက်ငယ်တဲ့အရွယ်တွေမှာ ပိန်တတ်ပေမယ့် အသက်အရွယ်ရလာတဲ့အခါ သူ့အလိုလို ဝလာတာများပါတယ်။ ဝချင်ရင် နံပါတ်တစ်အနေနဲ့ ကယ်လိုရီပမာဏပြည့်အောင် စားရပါမယ်။ နံပါတ်နှစ်အနေနဲ့ အသားဓာတ်ပြည့်ဝအောင် စားရပါမယ်။ အလွယ်ဆုံးပြောရရင် ကြက်ဥရယ်၊ နွားနို့ရယ်ကို မှန်မှန်လေး စားသောက်ပေးရပါမယ်။

အသက် ၃၅နှစ်အောက်အရွယ်ဆိုရင် တစ်နေ့ကို ကြက်ဥသုံးလုံးအထိစားလို့ရပါတယ်။ နွားနို့ကို တစ်နေ့သုံးခွက်သောက်ပေးရပါမယ်။ အသားကို တစ်နေ့တစ်ဆယ်သားစားပေးရပါမယ်။ ဒီအတိုင်း သုံးလလောက်စားကြည့်လိုက်ပါ၊ ဝလာမှာအသေအချာပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့ နောက်တစ်ချက်အနေနဲ့ လေ့ကျင့်ခန်းကို နည်းနည်းပါးပါး လုပ်ပေးသင့်ပါတယ်။ သူများတွေလောက် ပြင်းပြင်းထန်ထန် မလုပ်ရပါဘူး။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးလုပ်ပြီး နွားနို့ ဒါမှမဟုတ် ပဲနို့သောက်ပေးရင် ကျန်းမာရေးနဲ့လည်း ပိုညီညွတ်တယ်။ ကိုယ်အလေးချိန်လည်း မြင့်တက်လာမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top