Healthy Life Ad
Q & A

သရက်သီးခူးတိုင်း အရေပြားရောင်ရမ်းတယ် . . .

မေး. သရက်သီးခူးတိုင်း အရေပြားရောင်ရမ်းနေတာကို သတိထားမိလို့ပါ။ အဲဒါဆိုင်ပါသလား။ ဘာကြောင့် ဖြစ်ရပါသလဲရှင့်။
ဟေမာန်ခင်၊ မြင်းခြံမြို့။

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ထိတွေ့တာကြောင့် အရေပြား ရောင်ရမ်းတာမျိုးဖြစ်ပါတယ်။ သရက်သီးခူးရင်၊ ကိုင်ရင် ဖြစ်တတ်ပါတယ်။ သရက်သီး၊ သရက်ခေါက်၊ သရက်ရွက်၊ သရက်ကိုင်းတွေနဲ့ မတည့်တဲ့အခါ ထိမိပြီး ၂၄- ၄၈ နာရီအတွင်း အရေပြားမှာ ယားနီပြီး ရောင်ရမ်းလာတယ်။ အရည်ကြည်ဖုတွေထလာတယ်။ အင်ပြင်ပိမ့်တွေ ထွက်တတ်တယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ မျက်နှာတွေမှာ အဖြစ်များမယ်။ တခြားအရေပြားနေရာတွေကို စစ်ဆေးဖို့လိုအပ်တယ်။ မကုပဲထားရင် ရက်အတော်ကြာကြာဖြစ်နေတတ်တယ်။

သရက်စေးနဲ့ ထိမိတဲ့နေရာကို ဆပ်ပြာနဲ့ရေနဲ့ စင်စင်ဆေးရမယ်။ ရေခဲဖတ်တင်ရမယ်။ အရောင်ကျဆေး၊ အယားပျောက်ဆေးတွေ လိမ်းရမယ်၊ သောက်ရမယ်။ သရက်သီးခူးတဲ့အခါ မျက်မှန်၊ ဦးထုပ်၊ ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည် ဝတ်ရမယ်။ ရှူးဖိနပ်တွေစီးရမယ်။ မျက်နှာကို အစေးမထိမိအောင် ကာကွယ်ရမယ်။ သရက်သီးအညှာက အစေးကိုမထိအောင် သတိထားရမယ်။ တစ်ခါဖြစ်ဖူးရင် ပိုသတိထားရမယ်။ သရက်ခွံကိုမထိအောင် သတိထားရမယ်။ သရက်ခွံ၊ သရက်စေးနဲ့ထိထားတဲ့ တိရစ္ဆာန်၊ အသုံးအဆောင်တွေကိုမထိရဘူး။ အများကိုင်ထားတဲ့ ပစ္စည်းတွေနဲ့ ထိပြီးတိုင်း လက်ကို သေသေချာချာဆေးရမယ်။ ထိတွေ့မှုကြောင့်ဖြစ်ပေမယ့် သရက်သီးအစေးမထိဘဲ ပါးစပ်ထဲအရောက် ထည့်စားလို့ရပါတယ်။ သရက်သီးခွဲတဲ့ဓားကို သတိထားပြီး သေချာဆေးကြောရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top