Healthy Life Ad
Life Style

Valentine’s Day နေ့တွင် သင့်ချစ်သူကိုပေးသင့်သော နှင်းဆီထက် ပိုပြီး ဆွတ်ပျံ့ကြည်နူးစေသည့် ပန်းများ

ငွေကြယ်စင်ယံ

နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို Valentine’s Day နေ့အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီနေ့မှာ သင်ချစ်တဲ့ချစ်သူ ဒါမှမဟုတ် အိမ်သူသက်ထားကို “ကိုယ်မင်းကို ချစ်တယ်”ဆိုတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဖွင့်ဟချက်မျိုးနဲ့ အံ့အားသင့် ကြည်နူးသွားစေဖို့ နှင်းဆီပန်းထက် ပိုပြီး အဓိပ္ပာယ်ရှိတဲ့ ရိုမန်တစ်ဆန်ဆန် ပန်းလေးတွေကို ပေးသင့်ပါတယ်။

(1)- ကျူးလစ်ပန်းများ
f1
အနီရောင်နဲ့ ပန်းရောင် ကျူးလစ်ပန်းတွေက “အချစ်တွေ မပြယ်ဘဲ လတ်ဆတ်နေဆဲ”ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ တူရကီလူမျိုးတွေရဲ့ ဒဏ္ဍာရီ မှာတော့ “ကျူးလစ်ပန်းတွေက ပြီးပြည့်စုံတဲ့ ချစ် ခြင်းမေတ္တာကိုရည်ညွှန်းနေတယ်”လို့ ဖော်ပြထား ပါတယ်။ အဝါရောင် ကျူးလစ်ပန်းတွေက ပျော်ရွှင် မြူးထူးတဲ့ အတွေးတွေကို ကိုယ်စားပြုပြီး အဖြူ ရောင် ကျူးလစ်ပန်းတွေက ခွင့်လွှတ်ဖို့ တောင်းဆို နေပါတယ်။

(2)- သစ်ခွပန်းများ
f2
သစ်ခွပန်းတွေက ကျက်သရေရှိတယ်၊ အမြဲ တည်တံ့နေမယ့် ချစ်ခြင်းမေတ္တာ ပေးမယ်၊ လှပတယ်၊ ခိုင်မာတယ် . . စတဲ့ သဘောတရားကို ကိုယ်စားပြုရာ ရောက်ပါတယ်။

(3)- နေကြာပန်းများ
f3
အဝါရောင် ပွင့်ဖတ်ကြီးတွေနဲ့ တောက်ပနေတဲ့ နေကြာပန်းတွေကို နေရောင်ခြည်နဲ့ တင်စား လေ့ရှိပါတယ်။ ဒီပန်းတွေဟာ ကိုယ်ချစ်တဲ့သူကို ပေးချင်တဲ့ နွေးထွေးမှု၊ ပျော်ရွှင်မှု၊ ချစ်ခင်ရင်းနှီးမှုနဲ့ အဆုံးတိုင်တည်မြဲမယ့် ချစ်မေတ္တာ စတာတွေကို ကိုယ်စားပြုနေပါတယ်။

(4)- ဒေစီပန်းများ
f44
ဒေစီပန်းတွေက အပြစ်ကင်းစင်မှုနဲ့ ပျော်ရွှင်မှုတွေကို ရည်ညွှန်းပြီး အနီရောင် ဒေစီပန်းတွေဟာ ချိုမြိန်တဲ့ချစ်မေတ္တာကို သင့်ချစ်သူဆီအရောက် ပို့ပေးမှာပါ။ တစ်ပြိုင်တည်းမှာပဲ ဒေစီပန်းလေး တွေဟာ သင့်ချစ်သူဆီကို “ကိုယ်မင်းကိုချစ်တယ်၊ ချစ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်၊ မင်းက ကိုယ့်ကိုပျော်ရွှင်စေတယ်”စတဲ့ အမှာစကားတွေ ကိုလည်း ပို့ဆောင်ပေးနေပါတယ်။

(5)- ကြာပန်းများ
f3
ကာပန်းတွေက ကျက်သရေရှိမှုကို ကိုယ်စား ပြုပြီး စစ်မှန်မှု၊ ကြီးကျယ်ခမ်းနားမှုနဲ့ လှပမှုတွေ ပေါင်းစပ်ထားပါတယ်။ ချစ်သူကို အဖြူရောင် ကြာပန်း ပေးတဲ့အခါ ချစ်သူရဲ့ အပြစ်ကင်းစင်တဲ့ အလှ ကို ကြီးကျယ်ခမ်းနားမှုနဲ့ တင်စားတဲ့ သဘော သက်ရောက်သွားပါတယ်။

(6)- ကာနေးရှင်းပန်းများ
f6
ပန်းရောင် ကာနေးရှင်းပန်းတွေက မိခင်တစ်ဦးရဲ့ အနှိုင်းမဲ့ ချစ်မေတ္တာကို ကိုယ်စားပြုပါတယ်။ သင်က သင့်ချစ်သူကို ပန်းရောင် ကာနေးရှင်းပန်း လေးတွေ ပေးတဲ့အခါ သူဆိုးသမျှ၊ နွဲ့သမျှကျေ နပ်ကြည်ဖြူစွာ လက်ခံရင်း ချစ်သွားမယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။

Most Popular

Healthy Life Ad
To Top