Healthy Life Ad
Life Style

သင်အကြိုက်ဆုံးပန်းကပြောသော သင့်အကြောင်း

—-၊ ကိုထက် ၊—-

ကာနေးရှင်း၊ ဒေစီ၊ လီလီ၊ သစ်ခွ၊ ဇီဇဝါ၊ ကြာပန်း၊ နှင်းဆီ၊ နေကြာ၊. .ဒီပန်းတွေထဲက သင်အကြိုက်ဆုံး ပန်းတစ်ပွင့်ကို ရွေးလိုက်ပါ။ သင်အကြိုက်ဆုံးပန်းပွင့်က ပြောပြနေတဲ့ သင့်အကြောင်းကို ဖတ်ကြည့်လိုက်ပါဦးနော်။

သင်က နှင်းဆီပန်းကို အကြိုက်ဆုံးလား

သင်ရဲ့ အကြိုက်အနှစ်သက်ဆုံးပန်းက နှင်းဆီပန်းဖြစ်မယ်ဆိုရင်တော့ သင်ဟာ ကဗျာဆန်ဆန်လေးတွေကို သဘောကျတတ်တဲ့သူဆိုတာ မလွဲပါဘူး။ ခေတ်ဆန်တဲ့ပစ္စည်းတွေကို သဘောကျပေမယ့် ရိုးရာဓလေ့တွေကို ပိုမိုနှစ်သက်တတ်သူပါပဲ။ ရိုးရိုးရှင်းရှင်းဘဝကို ပိုမိုခုံမင်တတ်သူတွေပဲ ဖြစ်ကြပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ကြတဲ့ မိန်းကလေးတွေက များသောအားဖြင့် အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရလိုတဲ့ ဝါဒရှိသူတွေ ဖြစ်တတ်တယ်လို့လည်း ဆိုပါတယ်။ အတွေးတွေက နက်ရှိုင်းတတ်ပြီး သင့်လက်တွဲဖော်ကတော့ သင်အကြိုက်လေးတွေကို သိထားဖို့ လိုပါလိမ့်မယ်။

သင်က ဒေစီပန်းကို အကြိုက်ဆုံးလား

ဒေစီပန်းလေးတွေကို အကြိုက်ဆုံးဆိုတဲ့ သူတွေကတော့ လှပတဲ့သဘာဝကို သဘောကျတတ်သလို တော၊ တောင်တွေနဲ့ ရေတံခွန်တွေကို အလွန်သဘောကျတတ်ကြပါတယ်။ ခရီးသွားရတာကို ဝါသနာပါပြီး အမြဲလို ရွှင်လန်းတတြွ်ကစွာ နေတတ်သူပါ။ မိတ်ဆွေအပေါင်းအသင်းတွေက သင့်ကို အမြဲကြိုဆိုနေတတ်ကြပါတယ်။ ဒေစီပန်းကို ကြိုက်နှစ်သက်သူတွေကတော့ သဘာဝလောကကြီးတွင် အားလုံးအကောင်းသက်သက်အဖို့ဖြစ်သည်ဆိုသော ဝါဒရှိသူတွေ ဖြစ်တတ်ပါတယ်။ သင့်ရဲ့ပွင့်လင်းမှုနဲ့ ပျော်ပျော်နေတတ်တဲ့အတွက် သင့်လက်တွဲဖော်က သင့်ကို မြတ်မြတ်နိုးနိုး တွယ်တာနေတတ်ပါတယ်။

သင်က ကာနေရှင်းပန်းကို အကြိုက်ဆုံးလား

ကာနေရှင်းပန်းကို အကြိုက်ဆုံးဆိုသူတွေက ဟန်မဆောင်တတ်တဲ့သူတွေပါ။ အပေါင်းအသင်း မိတ်ဆွေတွေအပေါ် လေးလေးစားစား ဆက်ဆံတတ်ပြီး အလေးထားတတ်ကြပါတယ်။ လျို့ဝှက်တတ်ခြင်း မရှိတဲ့အတွက် အပေါင်းအသင်းတွေရဲ့ ယုံကြည်မှုကို အပြည့်အဝရထားကြသူတွေပါ။ စတိုင်ကျကျ နေတတ်လေ့ရှိပါတယ်။ ဘဝကို ရိုးရှင်းစွာနေရတာ သဘောကျတတ်ပါတယ်။ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကိုတော့ သိပ်မလိုလားတတ်ပါဘူး။ ကာနေးရှင်းပန်းတွေကို အကြိုက်ဆုံးဆိုတဲ့သူတွေဟာ အစီအစဉ်တွေချပြီး တွေးနေတာထက် လက်တွေ့ပြုလုပ်လိုက်တာကို ပိုပြီးသဘောကျလေ့ရှိပါတယ်။ လက်တွဲဖော်က သင့်ရဲ့လမ်းညွှန်မှုတွေနဲ့ အကြံဉာဏ်တွေကို လက်ခံလိုက်နာလေ့ရှိပါတယ်။

သင်က သစ်ခွပန်းကို အကြိုက်ဆုံးလား

သင်ကသစ်ခွပန်းကို အကြိုက်ဆုံးပန်းအဖြစ် ရွေးထားသူဆိုရင် သင်ဟာ ခေတ်ဆန်တဲ့သူပါ။ ဆန်းဆန်းပြားပြားတွေကို သဘောကျလေ့ရှိပြီး တန်ဖိုးကြီးတာ ခေတ်မှီတာတွေကို ပိုသဘောကျတတ်သူပါ။ အခင်မင်ဆုံး သူငယ်ချင်းတွေနဲ့သာ ပိုမိုတွဲလေ့ရှိပြီး မိတ်ဆွေသူငယ်ချင်းအသစ်တွေ သိပ်ပြီးရှာလေ့မရှိတတ်ပါဘူး။ စိတ်ထဲရှိတဲ့အတိုင်းကို ပွင့်ပွင့်လင်းလင်းပြောတတ်ပေမယ့် တစ်ခါတစ်လေတော့လည်း နားလည်ရခတ်တဲ့သူ ဖြစ်နေတတ်ပါတယ်။ ရှည်ရှည်ဝေးဝေး သိပ်မစဉ်းစားတတ်ဘဲ လက်ရှိအခြေအနေကိုသာ ရှေးရှုတတ်သူတွေပါ။

သင်က ဇီဇဝါပန်းကို အကြိုက်ဆုံးလား

ဇီဇဝါပန်းကို အကြိုက်ဆုံးသူတွေရဲ့ စိတ်နေသဘောထားကတော့ စူးစူးစမ်းစမ်းစိတ် ရှိသူတွေ ဖြစ်ပါတယ်။ လက်တွေ့စမ်းသပ်ချင်စိတ် ရှိကြသူတွေပါ။ ခရီးသွားရတာကို သဘောကျတတ်ကြပြီး အခက်အခဲတွေတွေ့လည်း နောက်ဆုတ်တတ်တဲ့အကျင့် မရှိပါဘူး။ သိပ်ပြီး စိတ်ကူးယဉ်မဆန်တတ်ပေမယ့် အနုအရွလေးတွေကိုတော့ သဘောကျတတ်ပါတယ်။ သင့်ရဲ့ ချိုသာပြီး အပြစ်ကင်းစင်တဲ့ အကျင့်စရိုက်လေးတွေကြောင့်ပဲ သင့်လက်တွဲဖော်က သင့်ကို သံယောဇဉ်တွယ်နေတာပဲ ဖြစ်ပါတယ်။

သင်က လီလီပန်းကို အကြိုက်ဆုံးလား

လီလီပန်းကို ကြိုက်နှစ်သက်သူတွေရဲ့ စိတ်နေသဘောထားက ထောက်ထားကြင်နာတတ်ပါတယ်။ အားလုံက အသိအမှတ်ပြုလောက်အောင် သနားကြင်နာတတ်သူတွေ ဖြစ်တတ်ပါတယ်။ သူတစ်ပါးကို ကူညီရတာ၊ ဂရုစိုက်စောင့်ရှောက်ရတာကို ပျော်ရွှင်နေတတ်ကြသူတွေပါ။ ခင်မင်ဖော်ရွေတတ်ပြီး မိခင်တစ်ယောက်လို နှလုံးသားရှိသူတွေ ဖြစ်တဲ့အတွက် သူငယ်ချင်းတွေရော မောင်နှမမိသားစုကပါ သင့်ကို လေးစားချစ်ခင်တတ်ကြပါတယ်။ မာနကို ချိုးနှိပ်ထာလေ့ရှိပြီး မိမိကိုယ်ကို တန်ဖိုးထားသူတွေလဲ ဖြစ်ပါတယ်။

သင်က နေကြာပန်းကို အကြိုက်ဆုံးလား

အပွင့်ကြီးကြီးနဲ့ အဝါရောင်နေကြာပန်းတွေကို အကြိုက်ဆုံးလို့ ဆိုသူတွေကတော့ ဖော်ရွေတတ်သူများဖြစ်ပြီး နွေးထွေးကြသူတွေပါ။ လူကြားထဲမှာ ထင်ပေါ်နေတဲ့သူ ဖြစ်ချင်ကြသူတွေပါ။ အရာရာကို အကောင်းဘက်က ကြည့်ပေးတတ်ပြီး စိတ်ကူးယဉ်တတ်ကြသူတွေလဲ ဖြစ်ပါတယ်။ အပေါင်းအသင်းတွေများပေမယ့် အလုပ်ကိစ္စတွေကို တစ်ယောက်ထဲ တိတ်တဆိတ်လုပ်ရတာကို ပိုပြီးသဘောကျတတ်ကြပါတယ်။

သင်က ကြာပန်းကို အကြိုက်ဆုံးလား

ကြာပန်းကြိုက်နှစ်သက်တဲ့သူတွေဟာ တီထွင်နိုင်စွမ်း ရှိတတ်ကြပါတယ်။ သဘာဝတရားရဲ့ သဘောသဘာဝတွေကို နားလည်ပြီး သဘောကျနှစ်သက်သူတွေပါ။ အသစ်အသစ်တွေကို ရှာဖွေရတာကို ပျော်နေတတ်သူပါ။ လုပ်ရိုးလုပ်စဉ်တွေ၊ ထပ်တလဲလဲလုပ်နေရတာတွေကို မကြိုက်ဘဲ လုပ်ရမှာလည်း ပျင်းတတ်ပါတယ်။ ကြာပန်းလေးတွေကို သဘောကျနှစ်သက်တဲ့ သူတွေကလဲ အကောင်းမြင်သမားတွေ ဖြစ်ကြပြီး စိတ်ကူးယဉ်လည်း ဆန်ကြပါတယ်။ တစ်ခါတလေ သရဲဆိုတာ တစ်ကယ်ရှိသလားဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ခြောက်ပြီး ကြောက်တတ်သူတွေလည်း ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top