Healthy Life Ad
Q & A

ခရီးပန်းပြီး အစာစားလို့မဝင်ဘူး . . .

မေး. ခရီးထွက်တာကို ပျော်ပါတယ်။ ဒါပေမဲ့ ခရီးသွားတိုင်း ခရီးပန်းပြီး အစာစားလို့မဝင်ပါဘူး။ အဲဒီတော့ ပိုပင်ပန်းတယ်။ အဲဒါ ဘာလုပ်သင့်ပါသလဲ ဆရာ။
မမွန်၊ တွံတေး။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ခရီးပန်းပြီး အစာစားလို့ မဝင်တာက ခရီးကပင်ပန်းတဲ့အတွက် စိတ်ပင်ပန်းပြီး အစာစားချင်စိတ် မရှိတော့တာဖြစ်တတ်ပါတယ်။ လူပင်ပန်းရင်လည်း လူကနုံးနေပြီး အိပ်ချင်တာပဲရှိတယ်၊ မစားချင်တော့တာလည်း ဖြစ်တတ်ပါတယ်။ ခရီးသွားရင် ပေါ့ပေါ့ပါးပါးပဲ စားပေးပါ။ စိတ်ရောလူရော ပင်ပန်းတဲ့အတွက် အစာမကြေတာတွေ ဖြစ်တတ်ပါတယ်။ ခရီးကပင်ပန်းတဲ့အခါ အစာမကြေတာက ပိုဆိုးတတ်ပါတယ်။

ခရီးသွားတဲ့အခါမှာ ဗိုက်ကို အရမ်းပြည့်အောင်စားသွားရင် အများအားဖြင့် ကားမူးတယ်၊ တောက်တယ်၊ အန်တယ် စတာတွေ ဖြစ်တတ်ပါတယ်။ အစာရှိလေလေ အန်လေလေ ဖြစ်တတ်ပါတယ်။ လမ်းတစ်လျှောက်မှာလည်း ပေါ့ပေါ့ပါးပါး အစာ (Light Food) လေးတွေပဲ စားပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top