Healthy Life Ad
Child

ကလေးပြုစုရာတွင် ဖခင်၏ အခန်းကဏ္ဍ

ကလေးပြုစုပျိုးထောင်ရာမှာ မိခင်ရဲ့ တာဝန်တွေချည်းလို့ သတ်မှတ်မထားဘဲ ဖခင်တစ်ယောက်ကလည်း ကလေးကျန်းမာဖွံ့ဖြိုးဖို့ အခြေခံလိုအပ်ချက်တွေကို သိနားလည်ထားရပါမယ်။

– အာဟာရ ပြည့်ပြည့်ဝ၀ ကျွေးရပါမယ်။

– ကစားတာလို ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ခိုင်းရပါမယ်။

– အိပ်ရေးဝ၀ အိပ်စက်အနားယူခိုင်းရပါမယ်။

– ကလေးကို စာတွေ၊ သင်ခန်းစာတွေနဲ့ချည်း အချိန်မကုန်စေဘဲ အနားယူချိန်ပေးရပါမယ်။

– ကလေးအတွက် လေကောင်းလေသန့်ရတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးရပါမယ်။

– ကလေးကို ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုနဲ့ ကြင်နာနွေးထွေးမှုတွေ ပေးရပါမယ်။

– တိတ်ဆိတ်အေးဆေးပြီး ဘေးကင်းလုံခြုံစိတ်ချယုံကြည်ရတဲ့ ပတ်ဝန်းကျင်ရှိသင့်ပါတယ်။

– ကလေးရဲ့ ပင်ကိုသဘာဝက စူးစမ်းလေ့လာလိုစိတ်ရှိပါတယ်။ ဒါကို ဖြည့်ဆည်းပေးနိုင်ဖို့လိုပါတယ်။ ကိုယ်က ကလေးမေးသမျှ မဖြေနိုင်ရင် ဖြေနိုင်မယ့် ဆရာ၊ ဆရာမတွေထံ အပ်နှံပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top