Healthy Life Ad
Life Style

ခရီးသွားတိုင်း မိတ်ကပ်အိတ် ယူဆောင်ရာတွင် . .

လရိပ်မေ

အမျိုးသမီးတွေဟာ ခရီးသွားတော့မယ်ဆိုရင် အလှပြင်ပစ္စည်းတွေကို သေချာထုပ်ပိုးရလေ့ရှိပါတယ်။ ဆံပင်အတွက်၊ အသားအရေအတွက်၊ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အလှပြင်ပစ္စည်းတွေကို ရွေးချယ်ထည့်သွင်းရာမှာ သိထားသင့်တဲ့ အဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အဆင့်(၁) စမတ်ကျကျ အလှပြင်အိတ်ကို ရွေးချယ်ပါ
အလှပြင်အိတ်ကို သီးသန့်ထည့်တာက တကယ်အသုံးဝင်ပါတယ်။ သင့်အဝတ်အစားထည့် ခရီးဆောင်အိတ်ထဲမှာ ထည့်နိုင်လောက်အောင် သေးငယ်ဖို့လိုပြီး သက်ဆိုင်ရာ အလှပြင်ပစ္စည်းတွေကို သူ့အကန့်နဲ့သူထည့်နိုင်မယ့် အိတ်မျိုးဖြစ်သင့်ပါတယ်။

အဆင့်(၂) တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ပစ္စည်းများရွေးချယ်ပါ
တစ်ကိုယ်ရေ သန့်ရှင်းလှပဖို့အတွက် အရေးကြီးတဲ့ အခြေခံအသုံးအဆောင်တွေဖြစ်တဲ့ လိုးရှင်း၊ အမျိုးသမီး လစဉ်သုံးပစ္စည်း၊ စနိုးတာဝါ၊ လက်သည်းနီဖျက်ဆေး၊ တစ်သျှူးတွေ၊ ရေမလိုလက်ဆေးဆပ်ပြာရည်၊ ခရီးဆောင်အရွယ်ချွေးနံ့ထိန်းတောင့်၊ ဆပ်ပြာရည်၊ ဇာဂနာနဲ့ မိတ်ကပ်ဖျက်ဆေး စတာတွေကို ထည့်ယူဖို့ မမေ့သင့်ပါဘူး။

အဆင့်(၃) အခြေခံအသုံးအဆောင်များ ထည့်ပါ
တစ်ခါတစ်ရံမှာ အရေးပေါ်လိုအပ်လာနိုင်တဲ့ အခြေခံအသုံးအဆောင်တွေဖြစ်တဲ့ အပ်ချိတ်၊ ကတ်ကြေးအသေး၊ လက်သည်းညှပ်၊ အပ်နဲ့အပ်ချည်တွေကိုလည်း ထည့်သင့်ပါတယ်။

အဆင့်(၄) မိတ်ကပ်ပစ္စည်းများ ထည့်ပါ
အလှအပအတွက် အခြေခံအသုံးအဆောင်တွေဖြစ်ကြတဲ့ နှုတ်ခမ်းဆိုးဆေးအဆီ၊ နှုတ်ခမ်းနီ၊ ပေါင်ဒါမှုန့်၊ ကွန်ဆဲလ်လာ၊ မျက်ခုံးဆွဲခဲတံ၊ ဘီးနဲ့မှန်တွေကို ထည့်သွားပါ။ အိုင်းရှဲဒိုး၊ မက်စ်ကာရာဆိုးဆေး၊ ပါးနီစတာတွေနဲ့ ခြယ်တတ်ရင်လည်း ထည့်ဖို့မမေ့ပါနဲ့။

အဆင့်(၅) ဆံပင်အတွက် လိုအပ်သမျှ ထည့်ပါ
ဆံကေသာအတွက် ဘီး၊ ဆံညှပ်၊ ကလစ်၊ ခေါင်းစည်းကြိုး၊ ဘီးကုပ်စတာတွေအပြင် ခေါင်းလျှော်ရည်၊ ဆံပင်လိမ်းဂျဲလ် စတာတွေကိုလည်း ထည့်ပါ။

အဆင့်(၆) အကန့်အလိုက် ထည့်ပါ
သင့်အလှပြင်အိတ်က အကန့်လိုက်ရှိတယ်ဆိုရင် သူ့နေရာနဲ့သူ သီးသန့်ထည့်ပါ။ ဒါဆိုရင် အသုံးပြုဖို့ ရှာဖွေရာမှာ ပိုအဆင်ပြေပါတယ်။

သတိပြုရန်
ခရီးစဉ်တစ်လျှောက် လည်ပတ်ရာမှာ မိတ်ကပ်တွေ သယ်ဆောင်သွားပြီး အခါအားလျှော်စွာပြင်ဆင်ပေးရင် ခရီးစဉ်ကြောင့် ပင်ပန်းရင်တောင် လှပမှုကြောင့် လန်းဆန်းတက်ကြွနေပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top