Healthy Life Ad
Q & A

ဆင်ခြေထောက်ရောဂါ ဘာကြောင့်ဖြစ် . . .

မေး. ဆင်ခြေထောက်ရောဂါက ဘယ်လိုနည်းနဲ့ ဖြစ်ပွားရပါသလဲ ဆရာ။
ဦးတိုး၊ သာကေတ။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ခြင်က လူကိုကိုက်တယ်။ ကိုက်တဲ့အထဲမှာ ဆင်ခြေထောက်ရောဂါဖြစ်စေတဲ့ အကောင်က ပါသွားပါတယ်။ အဲဒီအကောင်က လူရဲ့ ပြန်ရည်ကြောထဲဝင်သွားပြီး ပေါက်ဖွားရာက ပြန်ရည်ကျိတ် (Lymph Nodes) တွေဆီသွားပါတယ်။ ဒါ့အပြင် သွေးကြောတွေဆီသွားတယ်။ အဲဒီအချိန်မှာ ခြင်က အဲဒီလူကို လာကိုက်တယ်။ ခြင်ထဲမှာ အဲဒီအကောင် ပြန်ပါသွားပြီး ဗိုက်ထဲဝင်သွားတယ်။ ခြင်ရဲ့ ရင်ခေါင်းကြွက်သားထဲမှာ အကောင်တွေပေါက်ပြီး ခြင်ရဲ့ခေါင်းထဲကို တစ်ဖန်ရောက်ရှိသွားပြန်တယ်။ ခြင်ထဲမှာ အဆင့်ဆင့်ပြောင်းလဲပြီး တကယ်အန္တရာယ်ရှိတဲ့ အကောင်ဖြစ်သွားတဲ့အချိန်မှာ ခြင်က လူကိုကိုက်တော့ လူ့ကိုယ်ထဲကို ပြန်ရောက်ပြန်တယ်။ ဒီလိုနဲ့ လူနဲ့ခြင်အကြား သံသရာကလည်နေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top