Healthy Life Ad
Q & A

နေရင်းထိုင်ရင်း အုန်းလွဲနေတယ် . . .

မေး. အခုတလော မကြာခဏ အုန်းလွဲနေပါတယ်။ အိပ်ရာထချိန် အုန်းလွဲတာမဟုတ်ဘဲ နေရင်းထိုင်ရင်း အုန်းလွဲနေတာမျိုးပါ။ ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။
ကျော်သူရ၊ စမ်းချောင်း။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဒီလိုမဖြစ်အောင် ခေါင်းကို ပုံစံမှန်မှန်ထားရပါမယ်။ နောက်တစ်ချက်ကတော့ ခေါင်းစောင်းနေတာ ကြာလာရင် ပုံစံနည်းနည်းပြောင်းပေးဖို့လည်း လိုပါတယ်။ ကွန်ပျူတာနှိပ်တဲ့အခါတွေမှာ ပုံစံမှားနေရင်၊ ခေါင်းကငုံ့နေရရင်၊ ကားမောင်းတဲ့အခါမှာလည်း ထိုင်ခုံအမှီကို နောက်ကိုလှန်ထားတာတွေက ခေါင်း အနေအထားပုံစံကို မှားစေတဲ့အတွက် အုံးလွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အရိုးတွေတိုင်းကို ကြွက်သားတွေက ထောက်ပံ့နေပါတယ်။ အရိုးတွေ ပုံစံမမှန်တဲ့အခါမှာ ကြွက်သားတွေလည်း ပုံစံမမှန်တော့တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဆုံလည်ကုလားထိုင်တွေကို သုံးလာတာဖြစ်ပါတယ်။ တစ်ဖက်ဖက်ကို လှည့်ပြောရတဲ့အခါမှာ ခါးကိုလှည့်ပြီး ပြောရတဲ့အတွက် ကြွက်သားတွေက လိမ်သွားတတ်ပါတယ်။ အနေအထားမမှန်လို့၊ အနေအထားတစ်ခုတည်းမှာ အကြာကြီးနေနေတဲ့အတွက်ဖြစ်တာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top