Healthy Life Ad
Life Style

မိနစ်ပိုင်းအတွင်း အသားအရေ ကြည်လင်တောက်ပစေမည့် သဘာဝပစ္စည်းများ

အသားအရေလှမှ မိတ်ကပ်ပြင်ရင် ပိုကြည့်ကောင်းမှာပါ။ ဒါကြောင့် အလှအပဆိုင်ရာ အရေပြားအထူးကု ဒေါက်တာမတ်ဟူရီပြောထားတဲ့ အသားအရေကြည်လင်လှပစေမယ့် သဘာဝနည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

– အာလူး
အာလူးမှာ ချက်ချင်းအရောင်ချွတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ မိနစ်ပိုင်းအတွင်း အသားအရေကို လင်းလက်သွားစေနိုင်ပါတယ်။ ဝက်ခြံကို ကျုံ့စေနိုင်စွမ်းလည်းရှိပါတယ်။ အာလူးကို ပါးပါးလှီးပြီး မျက်နှာတစ်ပြင်လုံး ပေါ်မှာကပ်ပေးပါ။ အချိန်ငါးမိနစ်ကြာထားပြီးမှ ရေဆေးချလိုက်ပါ။

– ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ အင်တီအောက်ဆီးဒင့်နဲ့ အသားအရေ လင်းလက်စေတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ခရမ်းချဉ်သီးအနှစ်သားကိုယူပြီး မျက်နှာတစ်ပြင်လုံး လိမ်းပေးပါ။ အချိန် ၁၅ မိနစ်ကြာထားပြီးမှ ရေအေးနဲ့ဆေးချလိုက်ပါ။ ဝက်ခြံအမာရွတ်တွေကို လျော့ပါးစေတဲ့အပြင် အရေပြားကို ပိုမိုတောက်ပလာအောင်နဲ့ ပိုကျန်းမာလာအောင် ကြေးချွတ်ပေးနိုင်ပါတယ်။

– သင်္ဘောသီး
သင်္ဘောသီးမှာ အစွမ်းထက်ကြေးချွတ်နိုင်စွမ်းရှိပါတယ်။ သင်္ဘောသီးတစ်လုံးကို ကြိတ်ချေပြီး နှင်းဆီပွင့်ဖတ်စိမ်ထားတဲ့ ရေအနည်းငယ်နဲ့ ရောမွှေကာမျက်နှာပေါ် သုတ်လိမ်းပေးပါ။ မိနစ် ၂၀ကြာမှ ရေနဲ့ ဆေးချလိုက်ပါ။

အထူးလိုက်နာရန်
ဘယ်လောက်ပင်ပန်းပင်ပန်း၊ ဘယ်လောက်အလုပ်များပါစေ၊ အိပ်ရာမဝင်ခင် မျက်နှာကို သန့်စင်ပေးဖို့နဲ့ မနက်ခင်းမှာ နေကာခရင်မ်လိမ်းဖို့မမေ့ပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top