Healthy Life Ad
Men

သုက်ရည်အရောင်က ညိုညစ်ညစ်ဖြစ်နေတယ် . . .

မေး။ ။ သုက်ရည်အရောင်က ညိုညစ်ညစ်(ညိုမည်း မည်း)ဖြစ်နေတာ ကျန်းမာရေးနဲ့ဆိုင်ပါသလား။ ရောဂါကြောင့် ဖြစ်တာလား၊ ပုံမှန်အတိုင်းပဲလားဆိုတာ သိချင်ပါတယ်။ ရောဂါကြောင့်ဖြစ်တာဆိုရင်ဘယ်လို ကုသရမလဲ။
ကိုတိုး၊ တာမွေ။

ဒေါက်တာမြတ်ထွဋ်ညွှန့် ဖြေကြားသည်။

ဖြေ။ ။ အမျိုးသားတွေမှာ သုက်ရည်အရောင်ဟာ နို့ရည်လို ခပ်ပျစ်ပျစ်ချွဲချွဲဖြစ်ပါတယ်။ အညိုရောင် အနီ ရောင်ပါနေတာက သွေးပါနေတာ ဖြစ်နိုင်ပါတယ်။ တချို့ရောဂါတွေနဲ့ ဆက်စပ်နေတာမို့ အသေးစိတ် စစ်ဆေးဖို့လိုပါတယ်။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ပြသဖို့လိုပါတယ်၊။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top