Healthy Life Ad
Life Style

မျက်နှာပေါ်က အမည်းစက်တွေကို ဘယ်လို ဖြေရှင်းကြမလဲ . . .

မျက်နှာပေါ်မှာ အပြစ်အနာအဆာတွေရှိ နေတာက အသားအရေကို အလှပျက်စေနိုင်ပါတယ်။ အသားအရေထိန်းသိမ်းမှုမကောင်းတာကြောင့် အသားအရေရဲ့ ချောမွေ့မှုထိခိုက်ပြီး ကြည်လင်နေတဲ့ အရေပြားပေါ်မှာ ကြည့်ရဆိုးတဲ့ အမည်းစက်တွေ ပေါ်လာတတ်ပါတယ်။ ဒါကြောင့် အမည်းစက်တွေ ကင်းစင်စေဖို့ သင့်တော်တဲ့ ထိန်းသိမ်းမှုတွေ လုပ်ရပါမယ်။

– ရေထဲမှာ စန္ဒကူးမှုန့်ကို ရောမွှေထည့်ပြီး အမည်းစက်ရှိတဲ့ အရေပြားနေရာပေါ်မှာ လိမ်းပေးပါ။

– ကြက်သွန်ဖြူနဲ့ ချင်း(ဂျင်း)ကို စားပေးတာက လည်း အသားအရေပေါ်က အပြစ်အနာအဆာတွေကို လျော့ပါးစေပါတယ်။

– ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ထွက်ရှိသွားအောင် နေ့စဉ်ရေ ၆- ၁၀ ဖန်ခွက် သောက်ပေးပါ။

– အသားအရေကြည်လင်အောင် လေ့ကျင့် ခန်းကို အသင့်အတင့်လုပ်ပေးတာကလည်း အသုံးဝင်ပါတယ်။

– အမျှင်ဓာတ်ပါဝင်တဲ့သစ်သီးနဲ့ ဟင်းသီးဟင်း ရွက်တွေကို များများစားပေးပါ။

– ခေါင်းအုံးစွပ်ကို မကြာခဏအသစ် လဲပေးပါ။ ချွေးထွက်တာကြောင့် ခေါင်းအုံးစွပ်ပေါ်မှာ ဘက်တီးရီးယားပိုးမွှားတွေနဲ့ အညစ်အကြေး တွေ ကပ်ညိနေနိုင်ပါတယ်။

– ညတိုင်း ဗီတာမင်အီး ဒါမှမဟုတ် အနံ့မရှိတဲ့ ကြက်ဆူဆီကို လိမ်းပေးပါ။

– ပျားရည်က ဘက်တီးရီးယားတွေကို သေစေ နိုင်တာကြောင့် အရေပြားပေါ်က အပြစ်အနာ အဆာတွေအတွက် ကောင်းမွန်ပါတယ်။ ပျား ရည်ပါတဲ့ လိမ်းဆေးကို လိမ်းပေးပါ။

– ရှလကာရည် တစ်ဆ၊ ရေရှစ်ဆရောပြီး မျက်နှာပြင်ပေါ်လိမ်းကာ သန့်စင်ပေးပါ။
မျက်နှာပေါ်က အမည်းစက်တွေ၊ အပြစ်အနာအဆာတွေကင်းစင်တာက အသားအရေကို ကြည်လင်လှပစေပြီး လှပကြည့်ကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top