Healthy Life Ad
Q & A

လက်ပျဉ်ငုပ်တာ သက်သာအောင် . . .

မေး။ ။ လက်ပျဉ်ငုပ်တာ သက်သာစေဖို့နှိပ်နယ်တာ၊ ပရုတ်ဆီလိမ်းတာတို့ကို လုပ်ဆောင်တာက သင့်တော်ပါသလား။
ဒေါ်ထွေး၊ မြောင်းမြ။

ပါမောက္ခဦးနေဝင်း(အရိုးခွဲစိတ်ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ နှိပ်တာ၊ ပရုတ်ဆီလိမ်းတာတို့က ဘာမှ ကြီးကြီးကျယ်ကျယ်မဟုတ်တဲ့ အကြောတင်းတာ၊ တောင့်တာလောက်ဆိုရင် သက်သာရာရနိုင်လို့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ တခြားရောဂါတစ်ခုခုကြောင့် လက်ပျဉ်ငုပ်နေတယ်၊ လက်ပျဉ်ငုပ်နေတာကြာလည်း ကြာပြီ၊ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်ဆိုရင်တော့ ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကို ရှာသင့်ပါတယ်။ တစ်ခါတလေ ကျောရိုးမှာ တစ်ခုခုဖြစ်လို့ ဖြစ်နိုင်တယ်၊ တစ်ခါတစ်ရံ ကြွက်သားနဲ့ အရွတ်တွေ နာတာကြောင့် ဖြစ်တတ်သလို အဆုတ်ကြောင့်လည်း ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top