Healthy Life Ad
Life Style

သင့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ နားဆွဲရွေးဝတ်ရအောင်

၊ လရိပ်မေ ၊

– လေးထောင့်ပုံ မျက်နှာပိုင်ရှင်ဆိုလျှင်
လေးထောင့်ပုံမျက်နှာပိုင်ရှင်တွေ နားကွင်း၊ မိုးရေစက်ပုံနားဆွဲတွေနဲ့ လိုက်ပါတယ်။ ခပ်ရှည်ရှည် နားဆွဲကို လုံးဝမဝတ်သင့်ပါဘူး။

– ရှည်သွယ်တဲ့ မျက်နှာပိုင်ရှင်ဆိုလျှင်
ရှည်သွယ်တဲ့ မျက်နှာပိုင်ရှင်တွေက ထောင့်ကျတဲ့နားဆွဲ၊ ခပ်ပြားပြားနားဆွဲတွေနဲ့ လိုက်ပါတယ်။ ခပ်ရှည်ရှည်နားဆွဲတွေကို လုံးဝမဝတ်သင့်ပါဘူး။

– တြိဂံပြောင်းပြန်ပုံ မျက်နှာပိုင်ရှင်ဆိုလျှင်
တြိဂံပြောင်းပြန်ပုံ မျက်နှာပိုင်ရှင်တွေက နားကွင်း၊ ခပ်ပြားပြားနားဆွဲတွေနဲ့ လိုက်ပါတယ်။ မိုးရေစက်ပုံ၊ တြိဂံပြောင်းပြန်ပုံ နားဆွဲရှည်ရှည်တွေ မဆွဲသင့်ပါဘူး။

– ဘဲဥပုံ မျက်နှာပိုင်ရှင်ဆိုလျှင်
ဘဲဥပုံမျက်နှာပိုင်ရှင်တွေက ဘယ်လိုနားဆွဲနဲ့မဆို လိုက်ဖက်သူတွေပါ။

– စိန်ပုံ မျက်နှာပိုင်ရှင်ဆိုလျှင်
စိန်ပုံစံမျက်နှာပိုင်ရှင်တွေက မိုးရေစက်ပုံ နားဆွဲ၊ ခပ်ပြားပြား နားဆွဲတွေနဲ့လိုက်ပါတယ်။ တြိဂံ ပြောင်းပြန်ပုံနားဆွဲ၊ စိန်ပုံနားဆွဲ၊ နားကွင်း စတာတွေနဲ့ မလိုက်ပါဘူး။

– ထောင့်မှန်စတုဂံပုံ မျက်နှာပိုင်ရှင်ဆိုလျှင်
ထောင့်မှန်စတုဂံပုံ မျက်နှာပိုင်ရှင်တွေက တြိဂံပြောင်းပြန်ပုံ နားဆွဲ၊ နားဆွဲအဝိုင်းတွေနဲ့ အလိုက်ဆုံးဖြစ်ပါတယ်။ တခြား မိုးစက်ပုံနားဆွဲ၊ မုန့်ကြိုးလိမ်ပုံ နားဆွဲတွေမဝတ်သင့်ပါဘူး။

– ဝိုင်းတဲ့မျက်နှာပိုင်ရှင်ဆိုလျှင်
မျက်နှာရှည်သွားစေမယ့် နားဆွဲရှည်၊ ဘဲဥပုံနားဆွဲ၊ လေးထောင့်ပုံ နားကပ်တွေကို ဝတ်သင့်ပြီး နားကွင်းကိုရှောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top