Healthy Life Ad
Life Style

အသက်ကြီးလာမှာကို အမျိုးသမီးတွေ ကြောက်လေ့ရှိတဲ့ အဓိက အကြောင်းရင်း ငါးမျိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးအများစုဟာ အမျိုးသားတွေထက် ပိုပြီး အသက်ကြီးမှာကို ကြောက် ရွံ့တတ်ကြပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုအကြောင်းတွေကြောင့် အသက်ကြီးမှာကို ပိုမို ကြောက်ရွံတယ်ဆိုတာကိုသိနိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်လိုက်တဲ့အခါ အောက်ပါ အကြောင်းရင်းငါးမျိုး ကို အဓိက တွေ့လိုက်ရပါတယ်။

(၁) ဆွဲဆောင်မှု မရှိတော့မှာ ကြောက်တယ်
မျက်နှာပေါ်မှာအရေးကြောင်းတွေ ပေါ်လာမှာ၊ ဆံပင်တွေ ဖြူလာမှာ၊ ဗိုက်ကြီးပူလာမှာ ၊ အသားအ ရေခြောက်သွေ့သွားမှာ၊ ကိုယ်အလေးချိန် မြင့်တက်လာမှာ . . စတာတွေကို စိုးရွံ့နေတာကြောင့် အမျိုး သမီးအများစုဟာ အသက်ကြီးလာမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒီလို အသက်ကြီးတာနဲ့အတူတွဲပြီး ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဟာ ဆွဲဆောင်မှုကိုလည်း လျော့ပါးသွားစေနိုင်တယ်လို့ ထင်ကြပါတယ်။ တချို့အမျိုးသမီးတွေကတော့ နားမကြားတာကြောင့် နားအကူကိရိယာတပ်ရမှာ၊ လမ်းလျှောက်တုတ်အကူ ဆောင်ရမှာ၊ မသွားနိုင်/မလာနိုင်ဖြစ်လာ တော့မှာ . . စတာတွေကိုပါ ကြောက်ရွံ့တာကြောင့် အသက်ကြီးမှာကို စိုးရွံ့နေတတ်တာပါ။

– ဘယ်လိုနေထိုင်သင့်သလဲ
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တခြားသူတွေရဲ့ အမြင်ကို မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်ရဲ့ ရုပ်နဲ့ စိတ် ကိုလှပတင့်တယ်အောင်ပြင်ဆင်တာက သင့်အပေါ်မှာ အများကြီး မူတည်နေပါတယ်။ အိပ်ရေးဝ၀ အိပ်တာ၊ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ရယ်မောတာနဲ့ လူမှု ရေးဝင်ဆန့်အောင် နေထိုင်တာတွေဟာ သင့်ကို အသက်ကြီးလာပေမယ့် တင့်တယ်လှပနေအောင် ပံ့ပိုး ပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၂) တစ်ယောက်တည်းကျန်ခဲ့မှာကို ကြောက်တယ်
အိမ်ထောင်ဖက်သေဆုံးတာဟာ အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ ကြောက်ရွံ့မှုမှာ ထိပ်တန်းက ပါဝင်နေပါတယ်။ အိမ်ထောင်ဖက် သေဆုံးပြီး တစ်ယောက်တည်း ကလေးတွေနဲ့ ကျန်ခဲ့တဲ့အခါ အထီးကျန်တဲ့ဝေဒနာကို ရရှိတတ်ပါတယ်။ အဲဒီအချိန်မှာ လူတွေနဲ့ မဆက်ဆံဘဲ တစ်ယောက်တည်း နေရင် ပိုပြီးနာကျင်ရတတ်ပါတယ်။

– ဘယ်လိုနေထိုင်သင့်သလဲ
တစ်ယောက်တည်းကျန်ခဲ့ရတဲ့ ကြောက်ရွံ့မှုဟာ အမျိုးသမီးတွေအတွက် ပိုပြီး ကြမ်းတမ်းခက်ခဲ တတ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်မှာ တတ်နိုင်သမျှ လူတွေနဲ့ ပေါင်းသင်းနေထိုင်ကာ လူမှုရေး ဝင်ဆန့်အောင်ကြိုးစားပေးပါ၊ ပရဟိတအလုပ်တွေ လုပ်ပါ၊ အများအကျိုးဆောင်ရွက်တာကြောင့် ကြောက်ရွံ့ စိတ်ကင်းပြီး ကိုယ့်ကိုယ်ကိုယ်လေးစား ရဲရင့်မှုရှိနေပါလိမ့်မယ်။

(၃) ငွေတွေကို လုယက်မှာ ကြောက်တယ်
အမျိုးသားတွေက အသက်ကြီးလာလေလေ၊ စီးပွားရေးတောင့်တင်းပြီး ငွေကြေးချမ်းသာလာလေလေ၊ လူတွေကြားဝင်ဆန့်ကာ လုံခြုံမှု ရှိလေလေပါပဲ။ အမျိုးသမီးတွေကတော့ ငွေတွေ ပိုချမ်းသာလေလေ၊ အနားကပ်လာတဲ့သူတွေကို သံသယစိတ်နဲ့ စောင့်ကြည့်ရလေလေပါပဲ။ အထူးသဖြင့် တစ်ကိုယ်တည်း နေသူတွေနဲ့ မုဆိုးမတွေဟာ ငွေပုံပေါ်မှာ ထိုင်ရင်း မိတ်ဆွေစစ်နဲ့ အတုကို ခွဲခြားရခက်ခဲတတ်ပါတယ်။

– ဘယ်လိုနေထိုင်သင့်သလဲ
ငွေတွေကို စနစ်တကျစီမံခန့်ခွဲ ထိန်းသိမ်း တတ်အောင် ကြိုးစားပါ။ အဲဒီလို လုပ်ဆောင်တတ်တဲ့ အမျိုးသမီးတွေဟာ အသက်ဘယ်အရွယ်ပဲရောက် ရောက် စိုးရွံ့စိတ်မရှိတတ်ကြပါဘူး။

(၄) ကင်ဆာဖြစ်မှာ ကြောက်တယ်
ကင်ဆာ အထူးသဖြင့် ရင်သားကင်ဆာဟာ အမျိုးသမီးတွေဖြစ်မှာ ကြောက်တဲ့ ကင်ဆာရောဂါ တစ်မျိုးပါ။ တကယ်တော့ အဆုတ်ကင်ဆာဟာရင် သားကင်ဆာထက် အမျိုးသမီးအများစုကို သေဆုံး စေနိုင်ခြေ နှစ်ဆရှိပါတယ်။

– ဘယ်လိုနေထိုင်သင့်သလဲ
ကင်ဆာရောဂါဖြစ်ရင် သေနိုင်တယ်ဆိုတဲ့ အသိကြောင့် ထိတ်လန့်နေကြတာပါ။ တကယ်တော့ ကင်ဆာရောဂါ အများစုဟာ စောစောသိရင် စောစောကုသပျောက်ကင်းနိုင်ပါတယ်။ ကင်ဆာမဖြစ်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်စား သောက်မှု ပုံစံကို လိုက်နာတာ၊ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုကို ခံယူတာတွေကို လုပ်ဆောင်ပေးပါ။

(၅) တခြားသူအပေါ် မှီခိုနေရမှာ ကြောက်တယ်
အမျိုးသားရော အမျိုးသမီးပါ သူတစ်ပါးအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာက ကို စိုးရိမ်တတ်ကြကြောင်း အောင်မြင်တဲ့ အသက်ကြီးသူဘဝအကြောင်း လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အမျိုးသမီးတွေကတော့ သူတို့အသက်ကြီးလာတဲ့အခါမှာ အရွယ်ရောက် ကလေးတွေနဲ့ သူတို့ရဲ့မိသားစုဘဝကို အနှောင့်အ ယှက် မဖြစ်လိုကြပါဘူး။

– ဘယ်လိုနေထိုင်သင့်သလဲ
ရှေ့ရေးကို ကြိုတွေးထားပါ။ သူတစ်ပါးအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်လိုတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကျန်းမာရေးအတွက်ပါ တွက်ပြီး စုဆောင်းထားပါ။ နေထိုင်မယ့်နေရာတွေအတွက် ကြိုတင် ပြင်ဆင်ထားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top