Healthy Life Ad
Humour

လာနေကျ လူနာ . . .

မေ့ပျောက်ချင်တဲ့ မှတ်ဉာဏ်တွေကို အိပ်မွေ့ချပြီး ချက်ချင်းမေ့သွားအောင် လုပ်ပေးနိုင်တဲ့ ဆေးဆရာကြီးဆီကို အမျိုးသားတစ်ယောက် စိတ်ဓာတ်ကျနေတဲ့ပုံစံနဲ့ ရောက်လာပါတယ်။

” ကျွန်တော့ကို ကူညီပါ ဆရာကြီးရယ် . . . ကျွန်တော် ၁၅ နှစ်လုံးလုံး ကျွန်တော့မိန်းမအပေါ် သစ္စာစောင့်ထိန်းခဲ့ပေမယ့် တစ်နေ့က ကျွန်တော် ဖောက်ပြန်မိသွားပါတယ် . . ကျွန်တော်လုပ်မိတဲ့ အမှားအတွက် နေ့တိုင်း မအိပ်နိုင်၊ မစားနိုင်ဖြစ်နေပါတယ် . . နောက်ဆို ဒီလိုမဖြစ်အောင် ဆင်ခြင်ပါတော့မယ် . . ကျွန်တော် လုပ်ခဲ့မိတာတွေ အကုန်လုံးကို လုံးဝ မေ့သွားအောင်လုပ်ပေးပါနော်”
ပြောသမျှ နားထောင်ပြီးနောက် ဆေးဆရာကြီးက-

” မင်းလာလိုက်တိုင်း ဒီအတိုင်းပဲ ပြောနေတာပဲ။ အခုတစ်ကြိမ်နဲ့ဆို ငါ့ဆီလာတာ ၅ ခါရှိနေပြီ”

Most Popular

Healthy Life Ad
To Top