Healthy Life Ad
International

ခေါင်းချင်းဆက်အမြွှာညီအစ်ကို၏ ဆက်နေသည့် ဦးခေါင်းများကို ခွဲစိတ်ပိုင်းခြားပေးနိုင်ခဲ့

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ အသက် ၁၃လအရွယ် ခေါင်းချင်းဆက်အမြွှာညီအစ်ကိုရဲ့ ဦးခေါင်းတွေကို ပိုင်းခြားပေးနိုင်ခဲ့ပါတယ်။

ကြာသပတေး မနက်ကစပြီး သောကြာနေ့ နေဝင်ချိန်မှ အဆုံးသတ်တဲ့ ၂၇ နာရီကြာခွဲစိတ်မှုမှာ ဦးခေါင်းပိုင်းခြားတာအတွက် ၁၆ နာရီကြာမြင့်ခဲ့ပြီး ဦးခေါင်းခွံပြန်လည်ဖာထေး ပြုပြင်တာတွေအတွက် နောက်ထပ်အချိန်တွေကြာခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာဂျိမ်းစ်ဂွတ်ဒ်ရစ်ချ်ဦးဆောင်တဲ့ ဆရာဝန်အဖွဲ့က ခွဲစိတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဂွတ်ဒ်ရစ်ချ်က ဒီလိုခွဲစိတ်မှုမျိုး ခုနကြိမ်ပြုလုပ်ခဲ့ဖူးပြီး ခွဲစိတ်မှုတွေထဲမှာ ဒီအကြိမ်က အကြာမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

၁၉၅၂ ခုနစ်က စရေတွက်ရင် ကမ္ဘာမှာ ၅၉ကြိမ်မြောက် ဦးခေါင်းပိုင်းခြားခွဲစိတ်မှုလည်း ဖြစ်ပါတယ်။ ခွဲစိတ်မှုက အန္တရာယ်ကြီးမားတာကြောင့် မိဘတွေအတွက် ကြီးမားတဲ့စွန့်စားမှု ပြုလုပ်ခဲ့ရပါတယ်။ ခွဲစိတ်မှုကြောင့် အသက်အန္တရာယ်ရှိနိုင်သလို ကလေးတစ်ယောက်ယောက် ဒါမှမဟုတ် နှစ်ယောက်လုံးမှာ ဦးနှောက်ပျက်စီးမှု ဖြစ်သွားနိုင်ပါတယ်။ ခေါင်းချင်းဆက် အခြေအနေရှိတဲ့ ကလေးတွေဟာ အများအားဖြင့် အသက် ၂ နှစ်ကျော်အောင်တောင် အသက်မရှင်သန်နိုင်ဘူးလို့ စစ်တမ်းတွေအရသိရပြီး နောက်ဆုံးမှာတော့ မိဘတွေက ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကလေးတွေ အခြေအနေကောင်းမွန်ဖို့ ရှိ၊ မရှိကို သီတင်းပတ်အတော်ကြာစောင့်ကြည့်ဖို့ လိုအပ်ကြောင်းလည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top