Healthy Life Ad
International

ဂရမ်မီဆုရတေးဂီတအဖွဲ့ကိုယ်တိုင် လာရောက်ဖျော်ဖြေပေးခံခဲ့ရသည့် ကင်ဆာဝေဒနာရှင်ဆယ်ကျော်သက်ကွယ်လွန်

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ အသက်၁၅ နှစ် အရွယ် ကာရီညာချန်းဟာ ကင်ဆာရောဂါကို ၅ နှစ် တာခံစားခဲ့ရပြီးနောက် ကွယ်လွန်သွားခဲ့ပါပြီ။

ဒီနှစ်အစောပိုင်းက သူရဲ့ဆေးရုံအခန်းမှာ ဂရမ်မီဆုရဗြိတိန်ဂီတအဖွဲ့ Florence & The Machine က လာရောက်ဖျော်ဖြေပေးခဲ့ပါတယ်။ ချန်းက တီးဝိုင်းနဲ့အတူ သီချင်းတွဲသီဆိုခဲ့ပါတယ်။ ချန်းက အော် စတင်မှာကျင်းပမယ့် ဂီတအဖွဲ့ရဲ့စတိတ်ရှိုးပွဲကိုသွားရောက်ကြည့်ရှုဖို့ လက်မှတ်ဝယ်ထားခဲ့ပါတယ်။

သူရဲ့အရိုးကင်ဆာရောဂါ ဆိုးရွားလာတာကြောင့် သွားမကြည့်နိုင်ခဲ့ပါဘူး။ ဆေးရုံမှ ဝန်ထမ်းတစ်ယောက်က တီးဝိုင်းခေါင်းဆောင်အဆိုတော် ဖလော်ရင့်စ်ဝက်ရှ်ကို ဆက်သွယ်ခဲ့ပြီး ဒီအကြောင်းကို အသိပေးခဲ့ပါတယ်။ ဝက်ရှ်က သွားစရာရှိတဲ့ ခရီးစဉ်တွေကိုဖျက်ပြီး ချန်းရဲ့ဆေးရုံအခန်းကို လာရောက်ကာ သီးသန့်ဖျော်ဖြေမှုပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်က ဂီတအဖွဲ့ရဲ့ နာမည်ကြီးသီချင်းတွေကို အတူတကွတွဲဖက်သီဆိုခဲ့ကြပါတယ်။ မှတ်တမ်းတင်ဗီဒီယိုကို YouTube မှာတင်ခဲ့ပြီး မိနစ်ပိုင်းအတွင်း ကြည့်ရှုသူ သန်းချီသွားခဲ့ပါတယ်။

ချန်းရဲ့မိခင်က ဝက်ရှ်ရဲ့ အနုပညာရှင်ပီသမှုနဲ့ လူသားဆန်ကြင်နာတတ်တဲ့ စိတ်ထားကို ချီးကျူး ပြောဆိုခဲ့ပါတယ်။ မသေဆုံးမီ ၅ ရက်အလိုက အင်တာဗျူးတစ်ခုမှာ ချန်းက သူရဲ့ဝေဒနာရုန်းကန်ရတဲ့ အကြောင်းတွေ ပြောကြားခဲ့ပါသေးတယ်။ ဘဝမှာ အကြီးကျယ်ဆုံးက စိုးရိမ်ပူပန်မှုမရှိဘဲနေဖို့ ဖြစ်ကြောင်းနဲ့ တစ်နေ့ချင်း အသက်ရှင်နေထိုင်ဖို့ကြိုးစားတာက ရောဂါကို ခုခံဖို့ လွယ်ကူစေကြောင်း သူက ပြောကြားသွားခဲ့ပါတယ်။

 

(Ref;DM)

Most Popular

Healthy Life Ad
To Top