Healthy Life Ad
Life Style

နှာတံ ပုံဖော်နည်း

၊ လရိပ်မေ ၊

အချိန်အနည်းငယ်ပေးရုံနဲ့ နှာတံပေါ်ပြီး ကြည့်ကောင်းတဲ့အသွင်ရစေမယ့် ပုံဖော်နည်းဖြစ်ပါတယ်။


အဆင့် (၁)
သေးငယ်တဲ့ ရှဲဒိုးဘရပ်ရှ်နဲ့ မျက်ခုံးအောက်ကနေ နှာတံဘေးတစ်လျှောက် လိုင်းဖော်ပြီး ဆွဲပေးပါ။ နှာတံထိပ်နေရာမှာ တြိဂံပုံပေါ်အောင်ဆွဲပါ။


အဆင့် (၂)
အမွေးထူတဲ့ ရှဲဒိုးဘရပ်ရှ်ကိုသုံးပြီး ကြေးညိုရောင် အိုင်းရှဲဒိုးတို့ကာ နှာတံထိပ်ဘေးတွေကို ခပ်ဖွဖွဆွဲပေးပါ။

အဆင့် (၃)
ခဏလေးနားလိုက်ပါ။


အဆင့် (၄)
အသားအရေ လင်းလက်စေမယ့် ကွန်ဆဲလ်လာကိုသုံးပြီး မျက်ခုံးနှစ်ဖက်ကြား (နှာတံထိပ်အလယ် နေရာ)ကနေ အောက်ဘက်ကို ဆွဲချပေးပါ။


အဆင့် (၅)
နှာခေါင်းဘေး ဘက်တစ်လျှောက်မှာ ကွန်ဆဲလ်လာကို အစက်ချပြီး ခပ်ဖွဖွတို့ပေးပါ။ ဒါဆိုရင် သင့်နှာတံက ပေါ်လွင်လှပနေမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top