Healthy Life Ad
International

လူနာဘယ်လောက်ခံမလဲဆိုသော ဆရာဝန်တို့၏ ခန့်မှန်းချက် အများစု လွဲချော်လေ့ရှိ

၊ မိုးမင်းထွန်း ၊

မျှော်လင့်ချက်မရှိတော့တဲ့ လူနာတွေ ဘယ်လောက်ခံမလဲဆိုတာနဲ့ပတ်သက်ပြီး ဆရာဝန်တွေ ရဲ့ခန့်မှန်းချက်အများစု လွဲချော်လေ့ရှိကြောင်း လေ့လာမှုအသစ်အရ သိရပါတယ်။

ဆေးမှတ်တမ်း ၄၆၀ဝကျော်ကို စစ်ဆေးမှုအရ တကယ်သေဆုံးချိန်ထက် ပျမ်းမျှ ၈၆ ရက် လျှော့ခန့်မှန်းထားပြီး ၉၃ရက် ပိုလွန်ခန့်မှန်းထားတာကို တွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုကို ယူနီဗာစတီကောလိပ်လန်ဒန်က ဦးဆောင်ပြုလုပ်ခဲ့တာပါ။ အတွေ့အကြုံရင့် ဆရာဝန်တွေက ငယ်ရွယ်တဲ့ဆရာဝန်တွေထက် ခန့်မှန်းတာ ပိုကောင်းသလားဆိုတာကိုတော့ လေ့လာမှုမှာဖော်ပြမထားပါဘူး။ ခန့်မှန်းချက်ပိုကောင်းအောင် ဆရာဝန်တွေကို လေ့ကျင့်ပေးနိုင်မလားဆိုတာ ဆက် လက်လေ့လာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဘဝနေဝင်ခါနီး လူနာတွေစောင့်ရှောက်ရေးနဲ့ ကုထုံးပေးခြင်းဆိုင်ရာ သုတေသနဌာနမှပါမောက္ခ ပက်ဒီစတုန်းက လူနာဘယ်လောက်ခံမလဲဆိုတာ ဆရာဝန်ရဲ့ခန့်မှန်းချက်မှန်ဖို့ အရေးကြီးကြောင်းပြောပါတယ်။ လူနာက ကျန်ရစ်သူမိသားစုကို လိုအပ်တဲ့အမှာစကားပြောကြားဖို့နဲ့ မိသားစုက လူနာအတွက်လိုအပ်တာတွေ ဖြည့်ဆည်းပေးနိုင်မယ့် အချိန်တွက်ချက်နိုင်ဖို့လိုအပ်ကြောင်း ဆိုပါတယ်။ မနက်က စကားပြောခဲ့တဲ့ဖခင် ညနေမှာ ရုတ်တရက်သေဆုံးသွားတဲ့ အခြေအနေမျိုးက ကြေကွဲစရာကောင်းကြောင်းနဲ့ ဆရာဝန်တွေက မှန်မှန်ကန်ကန်ခန့်မှန်းပေးနိုင်တဲ့အခါ လူနာနဲ့ လူနာရှင်မှာ အကျိုးကျေးဇူးများစေကြောင်း သူက ဆက်ပြောပါတယ်။ တချို့ဆရာဝန်တွေကခန့်မှန်းတာ ဘာကြောင့်တော်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဆက်လက်လေ့လာသွားမယ်လို့ သုတေသီတွေက ပြောကြားသွားခဲ့ပါတယ်။

(Ref; ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top