Healthy Life Ad
Q & A

ငါးကြေးဆီတစ်နေ့ ၁၀ လုံးစားနေတဲ့ကလေး . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

မေး ။ ။ ကလေးက အသက်တစ်နှစ်လေးလပါ။ ငါးကြေးဆီကိုတစ်နေ့ ၁၀လုံးလောက်ဝါးစားနေလို့ အန္တရာယ်ရှိပါသလား သိချင်လို့ပါ။
ကြူကြူ၊ အလုံ။

ဖြေ ။ ။ ငါးကြေးဆီစားတယ်ဆိုတာက ကောင်းကျိုးလေးတွေ ရစေချင်လို့ပါ။ အသက် တစ်နှစ်လေးလအရွယ်က ဒီလောက်အများကြီး မစားသင့်ပါဘူး။ အန္တရာယ်ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ဒီအရွယ်ကလေးတွေမှာ ငါးကြေဆီတစ်လုံးပဲလိုပါတယ်။ ဒါမှမဟုတ် ငါးကြေးဆီအရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာပဲ တိုက်ရပါတယ်။ ဆေးမှန်သမျှ ကလေးလက်လှမ်းမီတဲ့နေရာမှာ မထားသင့်ပါဘူး။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top