Healthy Life Ad
Q & A

နှင်းခူကူးတတ်သလား . . .

မေး။ ။ နှင်းခူက ကူးစက်တတ်ပါသလား။

ကိုတိုးဝင်း (FB)

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ နှင်းခူဆိုတာ အရေပြားရောင်ပြီး အရေပြားပြောင်း လဲမှုအမျိုးမျိုးဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ။ အတွေ့များတဲ့ အရေပြားရောဂါဖြစ်ပေမယ့် နှင်းခူက မကူးစက်တတ်ပါဘူး။ အရေပြားက ကြွလာမယ်၊ ဖုတက် လာမယ်၊ ရောင်မယ်၊ ခြောက်သွေ့မယ်၊ ယားလာမယ်၊ အကြေးခွံလေးတွေဖြစ်မယ်၊ နီရဲနေမယ်၊ တုန့် ပြန်လွယ်နေမယ်၊ ကုတ်လေယားလေဖြစ်နေတတ်ပါတယ်။ အရည်ကြည်ဖုတွေထွက်လာတတ်ပါတယ်။နှင်းခူကို ကြာကြာကုတ်ပါက သွေးထွက်မယ်၊ သားနံရည်ထွက်မယ်၊ ပြည်တည်မယ်၊ ပိုးဝင်မယ်၊ အရေပြားအရောင် ပြောင်းသွားမယ်၊ ထူလာမယ်၊ အမာရွတ်တွေ ဖြစ်လာတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top