Healthy Life Ad
Life Style

သေသပ်လှပတဲ့ အိုင်းလိုင်နာဆွဲရအောင်

ဆွဲဆောင်မှုရှိတဲ့ မျက်နက်ဝန်းတစ်စုံ ပိုင်ဆိုင်စေဖို့ အိုင်းလိုင်နာဆွဲနည်း အဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။

လရိပ်မေ

အဆင့် (၁)

အရင်ဆုံး အိုင်းရှဲဒိုးကို မျက်တောင်အရင်းကနေ အထက်ကို ဆွဲခြယ်ပါ။ မျက်ဝန်းအပြင်ထောင့်နေရာမှာ ပိုရင့်အောင် အိုင်းရှဲဒိုး ခြယ်သပါ။

အဆင့် (၂)

ဂျဲလ် (Jel)အမျိုးအစား အိုင်းလိုင်နာကို သုံးပြီး အပေါ်မျက်တောင်ရင်းမှာ အတွင်းကနေ အပြင်ကို တစ်ချက်တည်း ဆွဲပါ။ ခပ်ပါးပါးဆွဲရပါမယ်။

အဆင့် (၃)

မညီညာတဲ့ အစွန်းတွေနဲ့ ကြားနေရာတွေကို ဖြည့်ဆွဲရပါမယ်။ စားပွဲပေါ်မှာ မှန်ကို အပြားလိုက်ချပြီး ငုံ့ကြည့်ကာ ဖြည့်ဆွဲပေးပါ။

အဆင့် (၄)

မျက်ဝန်းတွေ ပေကျံမှုမဖြစ်စေဖို့ ခဏလောက် မျက်စိကိုမှိတ်ထားပါ။ တစ်မိနစ်-နှစ်မိနစ်လောက် နေမှမျက်လုံးဖွင့်ကြည့်ပေးပါ။

အဆင့် (၅)

အိုင်းလိုင်နာဖြည့်ပြီး မျက်ခုံးကိုဆွဲပေးပါ။ မျက်ဝန်းနားတစ်ဝိုက်ကို ပေါင်ဒါမှုန့်ရိုက်ပေးပါ။

Most Popular

Healthy Life Ad
To Top