မေး ။ ကလေးကို အရက်၊ ဆေးလိပ်သောက်တဲ့ဖခင်နဲ့ အတူသိပ်ပါတယ်။ ကလေးရှေ့မှာ သောက်တာတော့ မဟုတ်ပေမယ့် ဖခင်ရဲ့ကိုယ်နံ့မှာ အရက်နံ့၊ ဆေးလိပ်နံ့ကစွဲနေပါတယ်။ ကလေးကလည်း အသက်နှစ်နှစ်လောက်ပဲရှိသေးတော့ ကလေးထိခိုက်မှာ စိုးမိပါတယ်။ ကလေးကို ထိခိုက်နိုင်ပါသလား ဆရာ။
မလေးခင်၊ နေပြည်တော်။
ဒေါက်တာကျော်စွာဦး(ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ၊ အထွေထွေရောဂါကု ဆရာဝန်။) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ ဆေးလိပ်ငွေ့ကတော့ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်နံ့၊ အရက်နံ့ကလည်း ရေရှည်ဆိုရင်တော့ ကလေးအတွက်ကော လေကောင်းလေသန့် မရဘူးပေါ့။ ကျန်းမာရေးကို ဘယ်လောက်ထိခိုက်မှုရှိသလဲဆိုတာကိုတော့ သုတေသနလုပ်ထားတာ မရှိတဲ့အတွက် အတိအကျတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အကောင်းဆုံးကတော့ ကလေးနားမှာဆေးလိပ်နံ့ထွက်နေတာ၊ အရက်နံ့ ထွက်နေတာမျိုးမဖြစ်ရင်တော့ ကောင်းတာပေါ့။ ဖခင်က အရကေ့်သာက်တာ၊ ဆေးလိပ်သောက်တာ တွေလုပ်နေရင် ကလေးက အတုမြင်အတတ်သင်ဖြစ် မှာလည်း စိုးရိမ်စရာပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)