Healthy Life Ad
Q & A

ကင်ဆာဆေးကို မူးယစ်ဆေးအဖြစ် သုံးနေကြတဲ့အဖြစ်

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

မေး ။ ။ ကင်ဆာသမားတွေသောက်တဲ့ T နဲ့ စတဲ့ ဆေးတောင့် အဝါနဲ့အစိမ်း စပ်ကြားလေးကို ဘာမှမဖြစ်တဲ့သူတွေက မူးယစ်ဆေးဝါး အနေနဲ့သုံးနေကြတာရှိပါတယ်။ အဲဒါတွေကရော ဘယ်လိုဘေးထွက်ဆိုးကျိုး ရှိနိုင်လဲ။ အဲဒီကင်ဆာဆေးကို ကင်ဆာမဖြစ်တဲ့ သူကမူးယစ်ဆေးဝါးအနေနဲ့သုံးနေတာ ဘယ်လိုဖြစ်နိုင်ပါသလဲ ခင်ဗျာ။
KaungLay (FB)

ဖြေ ။ ။ Tramadol သူကို ဆိုလိုတယ်လို့ ထင်ပါတယ်။ ဒီဆေးက ပြင်းထန်တဲ့ ကိုက်ခဲနာကျင်တာတွေအတွက် အဓိကထားသုံးတဲ့ ဆေးတစ်မျိုးပါ။ ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် ဆရာဝန်တွေတောင် ချင့်ချိန်သုံးရပါတယ်။ အခန့်မသင့်ရင် အသက်ရှူရုတ်တရက် ရပ်တတ်ပါတယ်။ ဆရာဝန်မညွှန်ကြားဘဲ မသုံးစွဲသင့်ပါဘူး။ အပြင်မှာ ဆေးစာမပါဘဲဝယ်လို့မရပါဘူး။ အန္တရာယ်ရှိတဲ့ဆေးဖြစ်လို့ ဆရာဝန်ရဲ့ ညွှန်ကြားမှု၊ ကြီးကြပ်မှုရှိမှ သုံးသင့်တဲ့ဆေးဖြစ်ပါ တယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top