Healthy Life Ad
Health Tips

သိပ္ပံနည်းကျ အလှအပလျှို့ဝှက်ချက်များ

၊ ငွေကြယ်စင်ယံ ၊

– ဆပ်ပြာသုံးပြီး မျက်နှာသစ်တာ ကောင်းသလား
ဆပ်ပြာနဲ့ မျက်နှာသစ်ရင် အသားအရေကို ခြောက်သွေ့စေပြီး အရေပြားရဲ့ အကာအကွယ်အလွှာကို ယိုယွင်းပျက်စီးစေပါတယ်။ ပုံမှန် သုံးရင် ဝက်ခြံပေါက်စေနိုင်ပါတယ်။ ဆပ်ပြာအစားနူးညံ့တဲ့ မျက်နှာသစ် ဆပ်ပြာ (Foaming Cream)သုံးပါ။

– ကြေးချွတ်ဆပ်ပြာ (Scrub) သုံးတာ ကောင်းသလား
ကြေးချွတ်ဆပ်ပြာ သုံးတာကြောင့် အသားအရေကို ထိခိုက်စေနိုင် ပြီး ကြမ်းတမ်းစေပါတယ်။ ဒါကြောင့် ကြေးချွတ်ဆပ်ပြာကို မကြာခဏ မသုံးသင့်ဘဲ တစ်လ တစ်ကြိမ်လောက်ပဲ သုံးသင့်ပါတယ်။

– အဆီပြန်သည့် အသားအရေကို အလွန်အမင်း ထိန်းသိမ်းပြုပြင်တာ ကောင်းသလား
အရေပြားကို ဂရုစိုက်ထိန်းသိမ်းမှုလွန်ကဲလေ ဝက်ခြံတွေ ပိုဆိုး လေဖြစ်တတ်ပါတယ်။ သင့်အရေပြားပုံစံက အဆီပြန်တယ်ဆိုရင်တောင် အဆီပြန်တဲ့ အသားအရေနဲ့ သင့်တော်တဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ်သုံးပါ။

– နေရောင်ခြည် ထိတာ ကောင်းသလား
နေရောင်ခြည်က သင့်အသားအရေအတွက် မကောင်းပါဘူး။ နေရောင်ခြည်ဒဏ် အလွန်အမင်းခံရရင် အသားအရေထိခိုက်ပြီး သက်ကြီး အစက်အပြောက်တွေထင်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်အချိန်မှာ မဆို နေကာခရင်မ်လိမ်းပါ။

– အင်တာနက်သတင်းတွေကို ယုံကြည်သင့်သလား
အင်တာနက်မှာ တစ်စုံတစ်ယောက်က သူ့အတွက် ကောင်းတဲ့ အသားအရေထိန်းနည်းတွေတင်ပြီဆိုတိုင်း မယုံကြည်ပါနဲ့။ လူတစ် ယောက်နဲ့ တစ်ယောက်ရဲ့ အသားအရေ အမျိုးအစားနဲ့ ပုံစံကွဲပြား တဲ့အတွက် ကိုယ့်အသားအရေနဲ့ သင့်တော်မှုရှိမှသာ သုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top