Healthy Life Ad
Health Tips

ဆေးလိပ်ဖြတ်ပြီးတဲ့အခါ သင် ဘယ်လို ပြောင်းလဲသွားမှာလဲ . . .

၊ ကိုထက် ၊

ဆေးလိပ်သောက်တာက ခန္ဓာကိုယ်အပေါ် မကောင်းတဲ့သက်ရောက်မှု ဖြစ်စေတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဆေးလိပ်ဖြတ်လိုက်ရင် ကျန်းမာရေး ကောင်းကျိုးရရှိမယ်ဆိုတာလည်းသိပြီး ဖြစ်မှာပါပဲ။ ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာသိရှိစေဖို့ ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ အကြာကစပြီး ပြောင်းလဲသွားမယ့် သင့်ခန္ဓာကိုယ်အကြောင်းကို ဖော်ပြလိုက်ပါတယ်။

* ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ အကြာ *

နှလုံးရဲ့ လုပ်ငန်းဆောင်တာက ပုံမှန်အခြေအ နေကိုရောက်လာပါတယ်။ ဆံချည်မျှင်သွေးကြောတွေနဲ့ သွေးကြောဆက်သွယ်မှုက ကျန်းမာတဲ့အခြေ အနေရောက်လာပါတယ်။ သွေးစီးဆင်းမှုကောင်းလာပြီး ခြေထောက်နဲ့လက်ချောင်းတွေရဲ့ ထိသိမှုကအားကောင်းလာပါတယ်။

* ဆေးလိပ်ဖြတ်ပြီး ၁၂ နာရီ အကြာ *

သွေးထဲကကာဗွန်မိုနော့ဆိုက်အဆင့် လျော့ကျသွားပါတယ်။ အောက်ဆီဂျင်ပမာဏ မြင့်တက်လာပါတယ်။ သွေးဖွဲ့စည်းပုံက ပုံမှန်အခြေအနေကို ရောက်လာပါတယ်။

* ဆေးလိပ်ဖြတ်ပြီး ၂ပတ်မှ သုံးလအကြာ *

နှလုံးရောဂါ အမောဖောက်ခြင်း (Heart Attack) ဖြစ်နှုန်း လျော့ကျသွားပါတယ်။ ဆေးလိပ်စွဲ တဲ့ လက္ခဏာတွေလည်း ပျောက်သွားပါတယ်။ သွေး ကြောထဲမှာ စီးဆင်းလှည့်ပတ်နေတဲ့ သွေးတွေလည်း အားကောင်းလာပါတယ်။ အဆုတ်တစ်သျှူးတွေ သန်စွမ်းလာပြီး အဆုတ်ရဲ့ လုပ်ငန်းဆောင်တာက လည်း သိသိသာသာ တိုးတက်လာပါတယ်။

* ဆေးလိပ်ဖြတ်ပြီး ၁လမှ ၉ လအကြာ *

ဆေးလိပ်သောက်တာကြောင့် ချောင်းဆိုးတာနဲ့ ရင်ကျပ်တာတွေက လျော့ကျလာပါတယ်။ အဆုတ်ဟာသူ့ထဲမှာ စုဆောင်းနေတဲ့ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်ဖို့ အချိန်ယူဖို့တော့လိုပါတယ်။

* ဆေးလိပ်ဖြတ်ပြီး ၁ နှစ်အကြာ *

အရေပြားက ကျန်းမာရေးကောင်းမွန်တဲ့ အရောင်ဖြစ်လာပြီးအရေပြားရဲ့ ဆွဲဆန့်နိုင်စွမ်းအားလည်း မြင့်တက်လာပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေကလည်း ၅၀ ရာခိုင်နှုန်း လျော့ကျသွားပါပြီ။

* ဆေးလိပ်ဖြတ်ပြီး ၅ နှစ်အကြာ *

သွေးလှည့်ပတ်မှုက လုံးဝပုံမှန်အနေအထားရောက်သွားပါပြီ။ လေဖြတ်နိုင်ခြေကဆေးလိပ်မ သောက်တဲ့သူတွေနည်းတူ လျော့ကျသွားပြီဖြစ်ပါတယ်။ အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်က အများကြီးပိုကောင်းလာပါပြီ။

* ဆေးလိပ်ဖြတ်ပြီး ၁၀ နှစ်အကြာ *

အဆုတ်ကင်ဆာဖြစ်နှုန်းက ဆေးလိပ်သောက် နေသူထက်နှစ်ဆပိုနည်းသွားပါတယ်။ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့
ပန်ကရိယကင်ဆာဖြစ်နှုန်း တွေကလည်း လျော့ကျသွားပါတယ်။

* ဆေးလိပ်ဖြတ်ပြီး နှစ် ၂၀ အကြာ *

နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်နှုန်းနဲ့ကင်ဆာဖြစ်နှုန်းက ဆေးလိပ်မသောက်တဲ့ သူတွေနည်းတူ လျော့နည်းသွားပါပြီ။

(Ref;BS)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top