Healthy Life Ad
Q & A

ရာသီလာခါနီး ပေါ်တတ်တဲ့ ရင်သားအကျိတ် . . .

မေး ။ ။ ကျွန်မညာဘက်ရင်သားအောက်နားမှာ အကျိတ်ဖုလေးတစ်ခု စမ်းမိပါတယ်။ ရွေ့နေတာပါဆရာ။ ရာသီလာခါနီးဆိုရင် မာတင်းတင်းလေးတွေ့ရပါတယ်။ ရာသီလာပြီးရင် မရှိတော့ပါဘူး။ အသက် ၃၀ ကျော်ပါ။ ဒါဆိုရင် စိုးရိမ်ရပါသလား ဆရာ။
မေသူ (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ ။ ။ အမျိုးသမီးတွေ ရင်သားမှာ ဖြစ်လေ့ရှိတဲ့ အဖုအကျိတ်အများစုဟာ သာမန်အကျိတ်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ရာသီလာခါနီးမှာပဲပေါ်တယ်၊ အရွယ်အစားလည်း မကြီးဘူး၊ တခြားသော လက္ခဏာတွေ ဥပမာ နို့သီးခေါင်းက သာမန်မဟုတ်တဲ့ အရည်တစ်ခုခုထွက်တာမျိုး၊ အကျိတ်အနားမှာရှိတဲ့ အရေပြားပြောင်းတာမျိုး၊ ရင်သားတစ်ဖက်တည်းမှာပဲ ဖြစ်နေ ပြီး ချိုင်းအောက်မှာအကျိတ်စမ်းမိတာမျိုးတွေရှိရင်တော့ အသေးစိတ်စစ်ဆေးစမ်းသပ်ဖို့လိုပါတယ်။ သာမန်အားဖြင့်တော့မစိုးရိမ်ရပါဘူး၊ ပုံမှန်သတိထားစစ် ဆေးနေဖို့လိုပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top