Healthy Life Ad
International

ကလေး ၈၀ဝ၀ဝ မွေးတိုင်း တစ်ကြိမ်သာ ဖြစ်နိုင်တဲ့ ရေမြွှာအိတ်နှင့် မွေးဖွားလာသည့် စပိန်ကလေးငယ်

၊ မိုးမင်းထွန်း ၊

လွန်ခဲ့တဲ့စနေနေ့က စပိန်နိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ကလေးငယ်တစ်ယောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးက ရေမြွှာအိတ်ထဲမှာရောက်ရှိနေလျက် မွေးဖွားလာတာကိုတွေ့ ရပါတယ်။

အရည်အိတ်ထဲမှာ တစ်ကိုယ်လုံးရောက်နေတဲ့ကလေးလေးကို ဆေးရုံခွဲစိတ်စားပွဲပေါ်တင်ထားတာကို တွေ့ရှိရပါတယ်။ အောက်ဆီဂျင်ပေးတဲ့ အပြာရောင် အချင်းတိုင်နဲ့အတူ ကလေးငယ်လေးကို တွေ့ရှိရမှာပါ။ ပုံမှန်အားဖြင့် ကလေးမွေးဖွားခါနီးချိန်မှာ ရေမြွှာပေါက်လေ့ရှိသလို ဗိုက်ခွဲမွေးတဲ့အခါ ခွဲစိတ်ဓားနဲ့ ပိုင်းဖြတ်တာကြောင့်လည်း ပေါက်လေ့ရှိပါတယ်။ ဆရာဝန်တွေနဲ့ သူနာပြုတွေက ရှားပါးတဲ့အဖြစ်အပျက်ကို စုရုံးကြည့်ရှူခဲ့ကြပါတယ်။ တစ်ရက်တောင်မပြည်ခင်မှာ ဒီဗီဒီယိုကိုကြည့်ရှူသူအရေအတွက် ၆ ဒသမ ၈ သန်းတောင် ရှိသွားတယ်လို့ သိရပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကလည်း ရေမြွှာအိတ်နဲ့ မွေးဖွားလာတဲ့ စပိန်ကလေးငယ်တစ်ယောက်ရဲ့ ဗီဒီယိုဟာလည်း ရေပန်းစားခဲ့ပါတယ်။ ကြည့်ရှူသူအရေ အတွက် ၂၆ သန်းကျော်ရှိခဲ့ပြီး ဗီဒီယိုထဲမှာ ဆရာဝန်က ခွဲစိတ်သုံးကတ်ကြေးနဲ့ ရေမြွှာအိတ်ကို ကိုက်ဖြတ်ကာ ကလေးကို ထုတ်ယူနေပုံကိုလည်း ရိုက်ကူးထား ခဲ့ပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top