Healthy Life Ad
Health Tips

G6PD အင်ဇိုင်း ချို့တဲ့သူတို့အတွက် အစာ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

မေး ။ ။ ကျွန်မကလေးက G6PD ချို့တဲ့နေပါတယ်။ အခုကတော့လသားဖြစ်လို့ မိခင်နို့ပဲတိုက်နေပါတယ်။ သူ့တစ်သက်တာမှာ ဘယ်လိုအစားအသောက်တွေကို ရှောင်ခိုင်းရပါ့မလဲ။
မသက်၊ ကမာရွတ်။

ဖြေ ။ ။ G6PD ချို့တဲ့နေတဲ့ ကလေးတွေက သာမန်ကလေးတွေလိုပါပဲ၊ အထူးတလည် ရှောင်စရာတော့မရှိပါဘူး။ အဓိကရှောင်ရမှာကတော့ တောင်ကြီးပဲ၊ ပဲလိပ်ပြာတွေပဲ ဖြစ်ပါတယ်။ ဒီပဲအမျိုးအစားနှစ်ခုကလွဲရင် ကျန်တဲ့ပဲတွေစားလို့ရပါတယ်။ မိခင်နို့ချို တိုက်နေတုန်းဆိုရင် အမေကပဲနီလေးဟင်းချို၊ ကုလားပဲဟင်းချိုတွေကို များများသောက်ထားရပါမယ်။

ခြောက်လပြည့်ဖို့ ဖြည့်စွက်စာကျွေးတဲ့အခါမှာလည်း သူ့ကိုကျွေးတဲ့ဆန်ပြုတ်ထဲမှာ ပဲနီလေးထည့်လို့ရပါတယ်။ တစ်ခုတော့ရှိပါတယ်။ သူ့အဝတ်အစားတွေထဲ ပရုတ်လုံးထည့်တာမျိုးရှောင်ရပါမယ်။ အနံ့ပြင်းတဲ့ အရာတွေကိုရှောင်ပေးသင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top