Healthy Life Ad
International

တစ်ကိုယ်လုံးမှဲ့တွေနဲ့ မွေးဖွားလာတဲ့ ကလေးငယ်

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ အတ္တလန်တာမှ အသက် ၄ နှစ်အရွယ် ဒိုင်လန်က လူ ၂၀ဝ၀ဝမှာ တစ် ယောက်သာဖြစ်နိုင်တဲ့ မွေးရာပါ မှဲ့ဖုံးအုပ်တဲ့ရောဂါ (Melanocytic Nevus)နဲ့ မွေးဖွားလာခဲ့ပါတယ်။ မှဲ့တွေက ကလေးခန္ဓာကိုယ်ရဲ့၈၀ ရာခိုင်နှုန်းလောက် ဖုံးအုပ်နေပြီး မင်စက်လောက် အရွယ်ကနေ အမေရိကန် တစ်ဒေါ်လာတန်ငွေစက္ကူတစ်ဝက်လောက် အထိအရွယ်အစားရှိနေပါတယ်။

မှဲ့တွေကနေ ကင်ဆာဖြစ်မှာစိုးရိမ်တာကြောင့် မှဲ့တွေဖယ်ရှားတဲ့ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ မှဲ့တွေနေရာမှာ အရေပြားအစားထိုးတဲ့ခွဲစိတ်မှုကိုပြုလုပ်နေရပြီး အရေပြားကျက်သွားတိုင်း နောက်ထပ်အစားထိုးခွဲစိတ်မှုတွေပြုလုပ်နေရကာ အခုအခါ ခွဲစိတ်မှုအကြိမ် ၂၆ ကြိမ်ပြုလုပ်ခဲ့ရပြီးကြောင်းလည်း သိရပါတယ်။ နောက်ကျောမှာရှိတဲ့ မှဲ့တွေကို ဖယ်ရှားပြီးသွားပြီလို့လည်းသိရပါတယ်။ မှဲ့တွေဖယ်ရှားနိုင်လေ ကင်ဆာဖြစ်နိုင်ခြေနည်းလာလေလို့လည်း သိရပါတယ်။ ဒိုင်လန်က ဦးနှောက်နဲ့ကျောရိုးထဲမှာ ကင်ဆာဖြစ်ပေါ်မှုရှိ၊ မရှိသိရဖို့ တစ်နှစ်နှစ်ကြိမ် MRIစစ်ဆေးမှု ခံယူနေရပါတယ်။ မိဘတွေကတော့ ကလေးအနာဂတ်ကောင်းမွန်ဖို့တတ်နိုင်တဲ့ နည်းလမ်းအကုန်သုံးကာ ကုသပေးမှာဖြစ်ကြောင်း ပြောပြပါတယ်။


(Ref; TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top