Healthy Life Ad
International

အသက် ၇နှစ်အရွယ် ကလေးငယ်လေးက ကမ္ဘာ့အသက်အငယ်ဆုံး ကွန်ပျူတာဆော့ဖ်ဝဲလ်ရေးသားသူဖြစ်လာ

၊ မိုးမင်းထွန်း ၊ (Ref;MTO)

ဗြိတိန်နိုင်ငံမှာနေထိုင်နေတဲ့ ပါကစ္စတန်နွယ် ဖွားမိုဟာမက်ဟမ်ဇာရှာဇက်က သိတတ်စအရွယ်ကတည်းက ကွန်ပြူတာပညာရပ်မှာ ပါရမီပါလာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်က အသက် ၆နှစ်အရွယ်သာရှိသေးတဲ့ မိုဟာမက်က မိုက်ခရိုဆော့ဖ်ရုံးသုံးဆော့ဖ်ဝဲလ် ကျွမ်းကျင်လက်မှတ်ရရှိခဲ့ပါတယ်။ အောင်မှတ် ၇၀ဝ သတ်မှတ်ထားရာမှာ သူက ၇၅၇မှတ်နဲ့ လက် မှတ်ရရှိခဲ့တာပါ။ စာမေးပွဲအတွက် ခြောက်လပြင်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။

အခုအချိန်မှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှပြုလုပ်တဲ့ အခြေခံဆော့ဝဲလ်ရေးသားနည်း၊ MS Word၊ MS PowerPoint၊ MS Excel ဆော့ဖ်ဝဲလ်တွေမှာ ကျွမ်းကျင်လက်မှတ်ရရှိခဲ့ပြီဖြစ်ပါတယ်။ အိုင်တီပ ညာရှင်ဖခင်က ငယ်ငယ်ကတည်းက ပြုစုပျိုးထောင် ခံခဲ့ရတဲ့ မိုဟာမက်ဟာ တစ်နေ့မှာ မိုက်ခရိုဆော့ဖ် ပိုင်ရှင်ဘီလ်ဂိတ်လိုဖြစ်ချင်တယ်လို့ဆိုပါတယ်။ မူလ တန်းကျောင်းမှာ ကွန်ပျူတာနဲ့ပတ်သက်ပြီး ဆရာ တွေက သူ့ကိုမေးမြန်းရပြီး သူငယ်ချင်းတွေကိုလည်း သူက ရှင်းပြပေးလေ့ရှိပါတယ်။

မိုက်ခရိုဆော့ဖ်ကုမ္ပဏီပြောခွင့်ရသူက မိုဟာမက်ဟာဝက်ဘ်ဆိုဒ်တွေ၊ အခြေခံဈေးဝယ် ဆော့ဖ်ဝဲလ်တွေကိုလွယ်လွယ်ကူကူဖန်တီးနိုင်နေပြီလို့ပြောပါတယ်။ ကွန်ပျူတာမှတ်Óဏ် အလုပ်လုပ်ပုံတွေ၊ အချက်အလက်တည်ဆောက်ပုံတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိ ဆော့ဖ်ဝဲလ်ရေးသားသူတွေထက် တောင် ရှင်းပြနိုင်တယ်လို့ဆိုပါတယ်။ လောလော ဆယ်မှာ မိုဟာမက်က ကွန်ပြူတာဂိမ်းတစ်ခု ဖန်တီးနေပြီး အိုင်တီနည်းပညာအပြင် စိတ်ဝင်စားတာက သူ့အဖေနဲ့ဘောလုံးကစားရတာပဲလို့ မိုဟာမက်က ဆိုပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top