Healthy Life Ad
Life Style

အရေးပေါ်သန္ဓေတားဆေးများကို စွဲသောက်ခြင်းဖြင့် သားအိမ်ပြင်ပ သန္ဓေတည်နိုင်ခြေ မြင့်မား

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အရေးပေါ်သန္ဓေတားဆေးကို မကြာခဏ သောက်ခြင်းဖြင့် မတော်တဆကိုယ်ဝန်ရနိုင်ခြေ၊ အထူးသဖြင့် သားအိမ်ပြင်ပ သန္ဓေတည်နိုင်ခြေ မြင့်မားကြောင်း သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောသည်။

“ အရေးပေါ်သန္ဓေတားဆေးတွေက တစ်ခါသောက်တိုင်း၊ သောက်တိုင်းရာနှုန်းပြည့် စိတ်မချရပါဘူး။ ကလေးရသွားနိုင်ပါတယ်။ ကလေးရတဲ့ အထဲမှာမှ ရိုးရိုးသားအိမ်ထဲမှာရတဲ့ ကိုယ်ဝန်ရှိသလို သားအိမ်ပြင်ပမှာလည်း ကိုယ်ဝန်ရနိုင်ခြေ ပိုများပါတယ်။ ဆေးရဲ့လုပ်ဆောင်မှုထဲမှာ ဘာပါလဲဆိုတော့ သားဥပြွန်လေးကို ကောင်းကောင်း မလှုပ်ရှားနိုင်အောင် လုပ်ပစ်လိုက်တာ။ အဲဒီအတွက် ကလေးရသွားရင်လည်း ကလေးလေးက သားအိမ်ထဲကို ပြန်မရောက်တော့ဘဲနဲ့ ဥပြွန်ထဲမှာပဲ ကလေးက ဆက်ရှိသွားတတ်တယ်” ဟု ဒေါက်တာစိုးလွင် ကပြောသည်။

အရေးပေါ်သန္ဓေတားဆေးကို ယေဘုယျအားဖြင့် လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း မှီဝဲနိုင်သော်လည်း စောစောသောက်လေ၊ ပိုကောင်းလေ ဖြစ်ပြီး အရေးပေါ်သုံးရန်သာဖြစ်ကြောင်း သိရသည်။

အရေးပေါ် သန္ဓေတားဆေး တစ်ခါမှီဝဲလျှင်ပင် ကလေးရနိုင်ခြေ အနည်းငယ်ရှိသဖြင့် မကြာခဏမှီဝဲပါက သန္ဓေတည်နိုင်ခြေရှိကြောင်း၊ ကိုယ်ဝန်ရခဲ့လျှင်လည်း သားအိမ်ထဲတွင် ရနိုင်သလို သားဥပြွန်ထဲတွင်လည်း ရနိုင်ခြေက အခြားသူများနှင့် စာလျှင် ပိုများကြောင်း သိရသည်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top