Healthy Life Ad
Child

မီးမီးလေးတို့ ကျောင်းတက်ရာတွင် ဆံထုံးထုံးပေးရအောင်

၊ လရိပ်မေ ၊

ဆံပင်အရှည်ထားတဲ့ မီးမီးလေးတို့အတွက် ကျောင်းဝတ်စုံနဲ့ နှစ်ဖက်ခွဲဆံထုံးလေး လိုက်ဖက်စေဖို့ ဆံထုံးထုံးနည်းအဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။


– အဆင့် (၁)
မီးမီးလေးရဲ့ ဆံပင်ရှည်ကို နှစ်ဖက်ခွဲစည်းပေးပါ။


– အဆင့် (၂)
မီးမီးလေးရဲ့ နှစ်ဖက်ခွဲစည်းထားတဲ့ ဆံပင်ရှည်ကို ကျစ်ဆံမြီးကျစ်ပေးပါ။


– အဆင့် (၃)
ကျစ်ဆံမြီးကို အောက်အထိကျစ်ပါ။


– အဆင့် (၄)
ကျစ်ဆံမြီးကို အနည်းငယ်ပွအောင် လိုက်ဖွပေးပါ။


– အဆင့် (၅)
ကျစ်ထားတဲ့ ကျစ်ဆံမြီးကို ခွေပါ။


– အဆင့် (၆)
ကျစ်ဆံမြီးခွေ မြဲမြံစေဖို့ ဆံခွကလစ်ညှပ်ပေးပါ။ နောက်ဆုံးမှာ နှစ်ဖက်ခွဲကျစ်ဆံမြီးဆံထိုးလေးနဲ့ ချစ်စရာကောင်းတဲ့ မီးမီးလေးဖြစ်သွားပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top