Healthy Life Ad
Life Style

ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် မြင့်တက်စေဖို့ . . .

၊ ကိုမိုး ၊

လူတွေမှာ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ရှိဖို့ဆိုတာ ရုပ်ဝတ္ထုတွေ ခမ်းနားရုံ၊ ငွေရှိရုံနဲ့ မရပါဘူး။ ကိုယ့်အတွင်းစိတ်အင်အားသန်မာမှုရှိမှသာ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် ကောင်းကောင်း ရှိနိုင်တာပါ။ အကောင်းအဆိုးကို ခွဲခြားနားလည်ပြီး ဘယ်အရာကို ချစ်မြတ်နိုးသင့်တယ်ဆိုတာသိပြီး အမှန်တရားကိုလက်ကိုင်ထားမှသာ၊ ကျင့်ဝတ်ကို တန်ဖိုးထားမှသာ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် ရှိနေမှာပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ရှိနေရင် ဘယ်လိုလူ တွေနဲ့ ဆုံပါစေ၊ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ပါစေ သိမ်ငယ်မှုမရှိဘဲ သက်သောင့်သက်သာရှိနေမှာ ဖြစ်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်မည့် အရင်းအမြစ်များကို ဆန်းစစ်ပါ
သင့်မှာ ကြင်နာတတ်တဲ့ နှလုံးသား၊ ခွင့်လွှတ် သည်းခံတတ်တဲ့ စိတ်ထား၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့ စိတ်ခွန်အားနဲ့ မောက်မာခြင်းမရှိဘဲ ရိုကျိုးတဲ့စိတ် သဘောထားတွေ ပိုင်ဆိုင်ပြီး ကြိုးစားတတ်တဲ့ သတ္တိ ရှိတယ်ဆိုရင် ဒါက ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ရှိစေတဲ့ အချက်တွေပါပဲ။ သင့်မှာ ဒီလိုစိတ်သဘော ထားတွေ ရှိ၊ မရှိ သေချာ(မညာတမ်း၊ မညှာတမ်း) ဝေဖန်ပြီး ဒီလိုအချက်တွေ မပြည့်စုံသေးရင် ကြိုးစား ပြင်ဆင်သင့်ပါတယ်။

(၂) လက်တွေ့ကျသော ရည်မှန်းချက်ပန်းတိုင် ထားရှိပါ
ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ရှိဖို့ဆိုရင် မဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေကို မချမှတ်ပါနဲ့။ ဆိုလိုတာက သင့်အနေနဲ့ တစ်နေ့တာအတွင်း လုပ်နိုင်သလောက်၊ စွမ်းဆောင်နိုင်သလောက်ကိုပဲ လုပ်ဖို့ ဦး တည်ချက်ထားပါ။ မဖြစ်နိုင်တာကို လုပ်မယ်ဆိုတဲ့ ဦးတည်ချက်ထားရင် တကယ်မပြီးပြတ်တဲ့အခါကိုယ့် ကိုယ်ကိုယ် လေးစားစိတ်လျော့ကျရတတ်ပါတယ်။

(၃) ငွေကြေးစုဆောင်းပါ
ကား၊ သစ်လွင်တဲ့ အဝတ်အစား၊ ဝင်ငွေ စတာတွေက ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ရှိစေတဲ့ အခြေခံအရင်းအမြစ်တွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သန့်ရှင်းတဲ့ အဝတ်အစားနဲ့ စုဆောင်းထားတဲ့ ဝင်ငွေတော့ ရှိသင့်ပါတယ်။ ငွေရေးကြေးရေး အခက်အခဲမရှိဘဲအဆင်ပြေနေမှသာ ကျင့်ဝတ်နဲ့ စီးပွားရေး ယှဉ်လာရင် ကျင့်ဝတ်ကို အထိခိုက်မခံနိုင်တဲ့ စိတ်ခွန်အားရှိနေမှာပါ။ ကိုယ်ထားရမယ့် ကျင့်ဝတ်ကို စောင့်ထိန်းတာက ကိုယ့်ကိုယ်ကိုယ်လေးစားစိတ်မြင့်တက် စေပါတယ်။

(၄) ရိုးသားပါ၊ မလိမ်ညာပါနှင့်
သူတစ်ပါး ထိခိုက်အောင် လိမ်ညာမှုမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ဘယ်လို အခြေအနေမှာမဆို ရိုးသားမှုရှိပြီး ရိုးသားဖြူစင်တဲ့ စိတ်နှလုံးသားနဲ့ပြောဆို လုပ်ကိုင်တာက ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်မြင့် တက်စေပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top