Healthy Life Ad
Q & A

ဆယ်စုနှစ်တစ်ခုစာမက စားခဲ့တဲ့ ကွမ်း ဖြတ်ချင်တယ် . . .

မေး။ ။ ကျွန်တော်ကွမ်းဖြတ်ချင်ပါတယ်။ ကွမ်းစားခဲ့တဲ့ သက်တမ်းက ဆယ်စုနှစ်တစ်ခုစာမကရှိခဲ့ပြီဆိုတော့ ကွမ်းဝါးတဲ့ အကျင့်ကိုဖြတ်လို့ မရပါဘူး။ အဲဒါ ကွမ်းပြတ်အောင် ဘယ်လို အစားအသောက်တွေကို အစားထိုး စားပေးသင့်ပါသလဲ။

ကိုရဲရင့် (FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ ကွမ်းဝါးတဲ့ အကျင့်ကို ဖြတ်ဖို့ ပူရှိန်းသကြားလုံးလေးတွေ စားပေးလို့ရပါတယ်။ ဒါမှမဟုတ် ပီကေ စားပေးသင့်ပါတယ်။ နေကြာစေ့ စားပေးသင့်ပါတယ်။ ကွမ်းဖြတ်နေတုန်းမှာ ကွမ်းယာ ပြန်စားချင် စိတ်ဖြစ်ပေါ်လာတယ်ဆိုရင် အသီးစားတာမျိုး ဥပမာ မာပြီး ကြွပ်ဆတ်တဲ့ မာလကာသီး၊ သစ်တော်သီး စတဲ့ မာတဲ့ အသီးတွေကို ရွေးချယ်စားသင့်ပါတယ်။ ကွမ်းပြတ်အောင် သစ်သီးဝလံတွေကို အဓိက စားပေးပါ။ ထမင်းစားပြီးချိန်မှာဆိုရင် ကွမ်းစားချင်စိတ်က သိသိသာသာဖြစ်ပေါ်တတ်ကြပါတယ်။ အဲဒီအချိန်မှာ ကွမ်းစားချင်စိတ် ပြတ်သွားအောင် သစ်သီးတွေကို များများ စားပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top