Healthy Life Ad
International

နှစ်နှစ်သမီးငယ်ကို ဖုန်းကိုင်ခွင့်ပြုခဲ့မိ၍ မျက်စိခွဲစိတ်ခဲ့ရသဖြင့် ဖခင်ဖြစ်သူ နောင်တရ

ကိုထက်

ဖေ့စ်ဘွတ်ခ်သုံးသူ ဒါချာနျူစတစ်ကာဆိုသူ ထိုင်းအမျိုးသားတစ်ဦးက တခြားမိဘတွေကို သတိပေးတဲ့အနေနဲ့ ”သင့်ကလေးတွေကို အီလက်ထရောနစ်ပစ္စည်းတွေ အလွန်အကျွံမသုံးစွဲပါစေနဲ့”ဆိုပြီး သူ့အတွေ့အကြုံကို မျှဝေထားပါတယ်။သူ့သမီးလေးကို အသက် နှစ်နှစ်ကတည်းက စမတ်ဖုန်းနဲ့ အိုင်ပက် သုံးခွင့်ပြုခဲ့တဲ့အခါ တဖြည်းဖြည်း နဲ့ သမီးလေးဟာ ဖုန်းစွဲလမ်းတဲ့ လက္ခဏာတွေ ပြလာပြီး ဖခင်ဖြစ်သူဟာ သမီးလက်ထဲက ဖုန်းကို ယူလိုက်ရင် ဒေါသကြီးလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ ဒါချာရဲ့ သမီးလေးမှာ မျက်စိအမြင်အာရုံပြဿနာဖြစ်လာခဲ့ပါတော့တယ်။ ဒါချာက သမီး မျက်စိပြဿနာ ကာကွယ်နိုင်ဖို့ မျက်မှန်တပ်ပေးခဲ့ပေမယ့် အသက် ၄ နှစ်အရွယ်ရောက်တော့ မျက်စိဆရာဝန်က သမီးလေးမှာ ”ပျင်းတွဲမျက်စိ”လို့ခေါ်တဲ့ မျက်လုံးတစ်ဖက်ပဲ အလုပ်လုပ်ပြီး နောက်တစ်ဖက် အလုပ်မလုပ်တဲ့ အမြင်အာရုံ ထိခိုက်မှုဖြစ်နေတယ်၊ ခွဲစိတ်ရမယ်လို့ ပြောခဲ့ပါတယ်။သမီးလေးဟာ ဖုန်းအသုံးများတဲ့ ရလဒ်အဖြစ် နဲ့ အမြင်အာရုံ ထိခိုက်ရုံသာမက မျက်စိစွေနေခဲ့ပြီ ဖြစ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ရက်နေ့တုန်းက မျက်စိခွဲစိတ်လိုက်ရပါတယ်။

သမီးလေးအဖြစ်အပျက်ကိုပြပြီး ဖခင်ဖြစ်သူက ကလေးတွေကို ဖုန်း၊ အိုင်ပက်၊ ကွန်ပျူတာ သုံးခွင့်မပြုဖို့ တခြားမိဘတွေ ကိုအသိပေးထားပါတယ်။

(Ref;feedytv.com)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top