Healthy Life Ad
Q & A

သွေးတိုးရောဂါရှိသူ ကလေးယူမယ်ဆိုရင်. . .

မေး။ ။ သွေးတိုးရောဂါရှိပါတယ်။ ကလေးယူလို့ရပါသလား။ ကလေးယူမယ်ဆိုရင် ဘယ်လိုတွေ လိုက်နာသင့်ပါသလဲ ဆရာ။

လဲ့လဲ့၊ တာမွေ။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ သွေးတိုးရောဂါရှိတယ်ဆိုရင် သမားတော်နဲ့ သေချာတိုင်ပင်ပြီး သွေးတိုးကိုဆေးကုရပါမယ်။ သွေးတိုးကို ထိန်းထားနိုင်တယ်ဆိုရင် ကလေးယူလို့ရပါတယ်။ သွေးတိုးက ဘယ်လောက်အထိ ဆိုးဝါးတဲ့ ရောဂါလဲ၊ ကျောက်ကပ်ကို ထိခိုက်နေပြီလား စတာတွေကို သမားတော်နဲ့ သေချာတိုင်ပင်စစ်ဆေးပြီး သမားတော်က ကလေးယူဖို့ အဆင်ပြေတယ်ဆိုရင် ကလေးယူလို့ရပါတယ်။ ကလေးယူမယ်ဆိုရင် သားဖွားမီးယပ်အထူးကု ဆရာဝန်ကော သမားတော်ကော နှစ်ယောက်စလုံးနဲ့ ပြဖို့လိုပါတယ်။ စပြီး ကိုယ်ဝန်ရှိပြီ ဆိုကတည်းက သွေးကျဆေးတွေကို ကိုယ်ဝန်ဆောင်နဲ့ သင့်တော်တဲ့ ဆေးတွေကို သမားတော်က ပြောင်းပေးပါလိမ့်မယ်။ အစားအသောက်တွေအနေနဲ့ သိပ်ငန်တဲ့ အစားအသောက်တွေကို မစားသင့်ပါဘူး။ သွေးတိုးရောဂါရှိသူတွေ ကိုယ်ဝန်ဆောင်ရင် ကိုယ်ဝန်ဆိပ်တက်တာဖြစ်တတ်လို့ သွေးပေါင်ချိန်ပေးရမယ်၊ သွေးတိုးကို ထိန်းရပါမယ်။ သမားတော်နဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်နှစ်ယောက် ညှိနှိုင်းပြီး ဆေးကုပေးဖို့တော့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top