လရိပ်မေ
ဘီကီနီဝတ်တိုင်း ကြည့်ကောင်းတဲ့ ခြေတံနဲ့ ပေါင်တံအလှပိုင်ဆိုင်စေဖို့ လုပ်ဆောင်သင့်တဲ့ နည်းလမ်းသုံးခု ရှိပါတယ်။
အဆင့် (၁) မတ်မတ်ရပ်ပါ
လက်နှစ်ဖက်က ခါးထောက်ပြီး မတ်မတ်ရပ်ပါ။
အဆင့် (၂) ခါးထောက်ပြီး တစ်ဝက်ထိုင်ပါ
အဲဒီအနေအထားအတိုင်း ခန္ဓာကိုယ်ကို ရှေ့ဘက်ကိုင်းကာ တစ်ဝက်ထိုင်ပါ။ တင်ပါးကို နောက်ပစ်ပြီး ခါးဆန့်တန်းကာ တစ်ဝက်ထိုင်ရမှာပါ။
အဆင့် (၃) လက်နှစ်ဖက် ဆန့်တန်းထုတ်ပါ
တစ်ဝက်ထိုင်လျက် အနေအထားနဲ့ လက်နှစ်ဖက်ကို ရှေ့ဆန့်တန်းထုတ်ရမှာ ဖြစ်ပါတယ်။ အကြိမ် ၂၀ လောက် ပြုလုပ်ပေးသင့်ပါတယ်၊
အဆင့် (၁) ဘယ်ခြေထောက် မြှောက်ပေးပါ
မတ်မတ်ရပ်ရင်း ဘယ်ခြေထောက်ကို ၉၀ ဒီဂ ရီအနေအထားနဲ့ မြှင့်ပေးပါ။
အဆင့် (၂) ခန္ဓာကိုယ်ကို ဘေးဘက်စောင်းပါ
အဲဒီအနေအထားအတိုင်း ခေါင်းကို ဘေးဘက်စောင်းပေးပါ။
အဆင့် (၃) ခြေထောက်ကို ဆတ်ခနဲရှေ့ထုတ်ပါ
ညာခြေထောက်ကို ရှေ့ဘက်ဆတ်ခနဲ ထုတ်ပေးပါ။ အဆင့်သုံးဆင့်စလုံးကို ခပ်မြန်မြန် ခုန်ပေါက်သလို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အကြိမ် ၂၀ လောက် လုပ်ပေးပါ။
အဆင့် (၁) ခြေဖျားထောက်ပြီး မတ်မတ်ရပ်ပါ
ခြေဖျားထောက်ပြီး မတ်မတ်ရပ်ပေးပါ။
အဆင့် (၂) ဘယ်ခြေထောက်ကို ကွေးပါ
ပြီးရင် ဘယ်ခြေထောက်ကို ပုံမှာ ပြထားတဲ့အတိုင်း နောက်ဘက်ကွေးလိုက်ပါ။
အဆင့် (၃) ခြေဖျားထောက်ပါ
ကြမ်းပြင်ပေါ်ထောက်ထားတဲ့ ခြေထောက်ကို ခြေဖျားထောက်ပြီး ရပ်ပေးပါ။ အဆင့် သုံးဆင့်စလုံးကို အကြိမ် ၂၀ ခန့် ပြု လုပ်ပေးပါ။ အထက်ပါ နည်းလမ်း သုံးခုစလုံးကို တစ်ကြိမ် လုပ်ပြီးတိုင်း စက္ကန့် ၃၀ ခန့် နားပေးပါ။
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။