Healthy Life Ad
Health Tips

သင့်အချစ်တော် ခွေးလေးမှာ သန်းတွေ ကပ်မနေစေဖို့ . . .

၊ လရိပ်မေ ၊

ခွေးဆိုတာ လူတွေရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်ပြီး လူအများစုက သူတို့အချစ်တော် အိမ်မွေးခွေးလေးတွေကို မိသားစုဝင်သဖွယ် စောင့်ရှောက်တတ်ကြပါတယ်။ ခွေးလေးတွေကလည်း အစာရေစာ၊ အမိုးအကာ၊ အဝတ်အစား၊ ကျန်းမာရေး၊ ချစ်ခြင်းမေတ္တာ အစစအရာရာ သူတို့ပိုင်ရှင်တွေဆီက စောင့်ရှောက်မှု လိုအပ်နေပါတယ်။

အရွယ်ရောက်နေပြီဖြစ်တဲ့ သန်းတွေဟာ ခွေးတွေဆီမှာကပ်တွယ်ပြီး သားဥပေါက်တတ်ပါတယ်။ အဲဒီအခါ ခွေးလေးတွေ အိပ်တတ်တဲ့ ကြမ်းခင်း၊ ဖျာ၊ အိပ်ရာခင်း စတဲ့ အိမ်သုံးပစ္စည်းတွေမှာလည်း သန်းတွေ ကပ်ညိနေတတ်ပါတယ်။ သင့်အချစ်တော် ခွေးလေးတွေ ကိုယ်ပေါ်က သန်းတွေကို ဖယ်ရှားနိုင်ဖို့ သဘာဝနည်းတွေကို ဖော်ပြလိုက်ပါတယ်။

– လာဗန်ဒါဆီ
လာဗန်ဒါဆီ သုံးစက်ကနေ ငါးစက်လောက်ကို ခွေးလေးတွေ ကိုယ်ပေါ် လိမ်းပေးပါ။ လာဗန်ဒါဆီမရှိရင် သံလွင်ဆီ တစ်စက်- နှစ်စက်လောက်ကို လိမ်းပေးသင့်ပါတယ်။

– ရှမ်ပူ
ခွေးကိုယ်ပေါ်မှာ ရှင်သန်နေတဲ့သန်ကောင်တွေကို ဖယ်ရှားဖို့ သန်ကောင်နဲ့ မွှားကောင်ကင်းစေတဲ့ ရှမ်ပူကိုသုံးပါ။ ရှမ်ပူလိမ်းပြီး အနည်းဆုံး ၁၀ မိနစ် လောက်ကြာမှ ရေနဲ့ဆေးပေးပါ။

– သံပရာရည်
သံပရာသီးနဲ့ရေကို ရောမွှေပြီး ခွေးအမွှေးတွေကို သုတ်လိမ်းပေးသင့်ပါတယ်။ သံပရာသီးမှာ လီမွန်နီးလို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုး ပါဝင်တာကြောင့် ခွေးကိုယ်ပေါ်က သန်းတွေကို သေစေနိုင်ပါတယ်။
လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပရာရည်ကို ရေနဲ့ရောပြီး တစ်ညတာထားပါ။ ပြီးမှ ခွေးကိုယ်ပေါ် သုတ်လိမ်းကာ ဘီး ဒါမှမဟုတ် ဘရပ်ရှ်နဲ့ ဖြီးပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top