Healthy Life Ad
Q & A

အမေရိကားတွင်အစုလိုက်၊ အပြုံလိုက်အကြမ်းဖက် ပစ်ခတ်ချင်စိတ်ဖြစ်ပေါ်ရသည့်အခြေခံအကြောင်းရင်း

မေး ။ ။ အမေရိကားမှာ အစုလိုက်၊ အပြုံလိုက် အကြမ်း ဖက်တာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေ ကြားသိနေရ ပါတယ်။ ဒါတွေဘာ
ကြောင့် ဖြစ်ရတာပါလဲ ဆရာ ( ဦးသူရမင်း၊ ပြည် )

ဖြေ ။ ။ အမေရိကန်နိုင်ငံရဲ့ လေ့လာချက်အရ သူတို့ နိုင် ငံမှာ အစုလိုက်၊ အပြုံလိုက် အကြမ်းဖက်တာ၊ သေ နတ်နဲ့ ပစ်ခတ်တာတွေဖြစ်ရတဲ့ အကြောင်းရင်း အဖြေကို လေးခုကောက်ချက်ချလိုက်ပါတယ်။

ပထမအချက်က လက်နက် အလွယ်တကူ ရတာ

ဒုတိယအချက်က ကလေးတွေရဲ့အတုယူအတတ် သင်နိုင်တဲ့ ဂိမ်း၊ ဗီဒီယို စတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေပါတာတွေကို
ကြည့်တာစတဲ့ အချက်နှစ်ခုကြောင့်လို့ ဆိုပါတယ်။

ဒါကြောင့် ရုပ်ရှင်ဗီဒီယိုကို အသက် ၁၈ နှစ် အောက် မကြည့်ရ၊ ဂိမ်းဆိုရင် ဒီဂိမ်းက ကလေးတွေ မဆော့ရ စသဖြင့် ကန့်သတ်ထိန်းချုပ်ထားပါတယ်။ ဒီလို ကန့်သတ်ထိန်းချုပ်ထားမှသာ အတုခိုးမှုတွေ မမှားအောင်ကို ကာကွယ်နိုင်မှာပါ။

အခုဆရာတို့ နိုင်ငံမှာ တခြားနိုင်ငံရဲ့ ယဉ်ကျေး မှုတွေ ထိုးဖောက်ဝင်ရောက်လာနေပါပြီ။ အဲဒီအချိန်မှာ ဒီလိုမျိုး ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်ထားမှ ကလေးသူငယ်တွေ အကြမ်းဖက်ချင်စိတ်တွေ မဖြစ်အောင် ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။

တတိယအချက်က မူးယစ်ဆေးဝါးတွေကြောင့် ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေ စွဲတာကြောင့် လူတွေဟာ အကြမ်းဖက်မှုတွေ ပိုများလာပါတယ်။ ဒါကလည်း သက်သေအထောက်အထား အခိုင်အမာပြနိုင်နေပါပြီ။

စတုတ္ထအချက်ကတော့ ပညာရေးနိမ့်ကျမှု၊ ဖိစီးမှုနဲ့ စိတ်ရဲ့ ငြိမ်းချမ်းမှုမရှိတာ စတာတွေကလည်း အကြမ်းဖက် မှုကို ဦးတည်နေတဲ့အ
ချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကရော၊ ဘာသာပေါင်းစုံ ငြိမ်း ချမ်းရေး အဖွဲ့ကပါ ငြိမ်းချမ်း မှုကိုတည်ဆောက်
ချင်ရင် ယုံကြည်မှုရယ်၊ ခွင့်လွှတ်ခြင်းရယ်၊ မေတ္တာတရားရယ်
က အရေးပါတယ်လို့ ပြောကြတာ ဖြစ်ပါတယ်။

ဒေါက်တာဦးဇော်စိန်လွင် (ဆေးရုံအုပ်ကြီး-ငြိမ်း) စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး

Most Popular

Healthy Life Ad
To Top