Healthy Life Ad
Health Tips

ခေါင်းလျှော်ရင်း ဦးခေါင်း နှိပ်နယ်ပေးခြင်း၏ ကောင်းကျိုးများ

၊ လရိပ်မေ ၊

ဦးခေါင်းကို နှိပ်နယ်ပေးတာဟာ ဦးရေပြားမှာ သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး ဆံပင်သားကို သန်စွမ်းစေပါတယ်။ ဒါကြောင့် အလှပြင်ဆိုင်မှာ သွားပြီး ခေါင်းလျှော်ကာ ဦးခေါင်းကို အနှိပ်ခံတာ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ခေါင်းလျှော်ရင်း ဦးခေါင်းကိုနှိပ်တာတို့ကြောင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

(၁) စိတ်ဖိစီးမှု လျော့ကျခြင်း
ဦးခေါင်းကို နှိပ်ပေးတာကြောင့် စိတ်ဖိစီးမှု လျော့ကျတဲ့အပြင် ဆံပင်မကျွတ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ ဆံပင်ကျွတ်စေနိုင်တဲ့ အဓိက တရားခံဖြစ်တာကြောင့် အိမ်နဲ့ အလုပ်ကြောင့်ရလာတဲ့ စိတ်ဖိစီးမှုကိုတတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။ မတော်တဆထိခိုက်မှုဖြစ်တာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်ဖြစ်တာစတဲ့ အလွန်အမင်းဖိစီးမှုတွေခံစား ရတာကြောင့် ဆံပင်ကျွတ်တဲ့အခြေအနေ (Telogen Effliuvium)ကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုလျော့ပါးအောင် ဆံပင်သားကို ဆံပင်လိမ်းဆီလိမ်းပြီး နှိပ်နယ်ပေးပါ။ တစ်ဆက်တည်းမှာပဲ ဦးခေါင်းကိုသာမက လည်ပင်းနဲ့ ကျောဘက် နေရာတွေမှာပါ တင်းအား လျော့သွားအောင် နှိပ်နယ်ပေးပါ။ ဒါဟာ ခန္ဓာကိုယ်တင်းအားကို လျော့ပါးစေရုံသာမက စိတ်ခံစားမှုပါ သက်သာပြီး ကောင်းကောင်းအိပ်မောကျကာ ဆံပင်တွေသန်စွမ်း ကျန်းမာနေမှာ ဖြစ်ပါတယ်။

(၂) သွေးလှည့်ပတ်မှု ကောင်းစေခြင်း
စိတ်ဖိစီးမှုများတာနဲ့ ချွေးထွက်များတာဟာ ဦးရေပြားကိုထိခိုက်စေပြီး ဆံပင်ကျွတ်စေတဲ့ အချက်တွေပါပဲ။ ဦးခေါင်းကို နှိပ်နယ်ပြီး ခေါင်းလျှော်ပေးတာက စိတ်ဖိစီးမှုများတာနဲ့ ချွေးထွက်များတာကို လျော့ပါးစေတာကြောင့် သွေးလှည့်ပတ်မှုကောင်းကာ ဆံပင်သားသန်စွမ်းကျန်းမာစေပါတယ်။ သင့်အနေနဲ့ မှန်ကန်တဲ့ နှိပ်နည်းကိုသာသုံးမယ်ဆိုရင် ဦးခေါင်းနှိပ်တွင်းသွေးလှည့်ပတ်မှု ကောင်းကာ ဆံပင်အရင်းအမြစ်နေရာတွေကိုပါ သန်စွမ်းစေပါတယ်။

(၃) ဆံပင်သားတွင် အာဟာရ ပြည့်ဝခြင်း
ဦးရေပြားကို မနှိပ်ခင်မှာ သင့်တော်တဲ့ဆံပင် အဆီလိမ်းပြီး နှိပ်ပေးတာကြောင့် ဆံပင်သား ခြောက်သွေ့မှု ကင်းဝေးကာ ဗောက်ထတာမျိုး မဖြစ်စေပါဘူး။ ဆံပင်လိမ်းဆီဟာ ဆံပင်သားအတွက် လိုအပ်တဲ့ အာဟာရကို ရရှိစေပြီး ဆံပင် သား ကြမ်းတမ်းကြွပ်ဆတ်မှုကို ကင်းဝေးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top