Healthy Life Ad
Life Style

ဆောင်းတွင်းကာလ အဖြစ်များသည့် ခြေဖနောင့်ကွဲခြင်း

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

ခြေဖနောင့်ကွဲတာက ခြေထောက်ကို ဂရုမစိုက်မိလို့ ဖြစ်တတ်ကြပါတယ်။ ခြေကွဲကြောင်းနက်ရင် နာနေတတ်တယ်။ ခြေကွဲစကို ဆွဲဖယ်လိုက်ရင်၊ ခြေကွဲနာနက်လာရင် သွေးထွက်တတ်ပါတယ်။ ပြည်တည်ပြီး ပိုးဝင်တတ်တယ်။ ဝတဲ့သူတွေက ခြေဖဝါး ဖိအားများတော့ ခြေထောက်အသားတွေ ဘေးကို ဖိထွက်နေပြီး ခြေထောက် ကွဲတတ်ပါတယ်။

ခြေဖနောင့်သာမက ခြေချောင်းကြားတွေပါ ကွဲလာတတ်ပါတယ်။ အရေပြား ခြောက်သွေ့တဲ့သူတွေက ပိုဆိုးတတ်တယ်။ ကြာလာရင် ခြေဖနောင့်ကွဲတာက ပိုဆိုးဆိုးလာပြီး မတ်တပ်ကြာကြာရပ်တဲ့ သူတွေမှာ အဖြစ်များပါတယ်။
ခြေထောက်အရေပြား ခြောက်သွေ့လာရင်၊ အကြေးခွံတွေ ဖြစ်တတ်ပြီး ခြေစကွဲတော့တာပါပဲ။ ခြေထောက်နှစ်ဖက်လုံးမှာ အဖြစ်များပါတယ်။ ယားလာတတ်တယ်။

ခြေဖနောင့်ကွဲတာက ဘာကြောင့် ဖြစ်တတ်သလဲ
ခြေဖနောင့်ကွဲတာက ဘာကြောင့် ဖြစ်တတ်သလဲဆိုတော့ အရေပြားခြောက်သွေ့တတ်သူ၊ မတ်တတ်ကြာကြာ ရပ်ရတဲ့သူ၊ ခြေထောက် အသားမာရှိသူ၊ ဝသူ၊ ဖိနပ်နောက်ပွင့် စီးသူ၊ အရေပြားရောဂါ တစ်ခုခု (ဥပမာ- နှင်းခူ၊ ဆိုရီးယားစစ်၊ လည်ပင်းကြီးရောဂါရှိသူ)တွေမှာ ပိုဆိုးတတ်တယ်။
ကြမ်းပြင်မာမာပေါ်မှာ ထိုင်တဲ့သူတွေ ဖြစ်တတ်ပါတယ်။
ရေစိမ်များသူတွေမှာ ရေက အရေပြားအပေါ်ယံလွှာမှာရှိတဲ့ အဆီတွေကို ခမ်းစေတာကြောင့် ပိုဆိုးစေပါတယ်။
အသက်ကြီးသူတွေက အရေပြားခြောက်သွေ့ပြီး ထူနေတတ်လို ့ပိုဆိုးတတ်သလို ဖိနပ်မတော်တာ စီးမိသူတွေကလည်း ပိုဆိုးတတ်ပြန်ပါတယ်။
ခြေထောက်ကို သန့်ရှင်းအောင် မထားသူတွေလည်း ခြေဖနောင့်ကွဲတတ်သလို ခြောက်သွေ့တဲ့ ရာသီဥတုအချိန်တွေမှာဆိုရင် ပိုအဖြစ်များပါတယ်။

‘ခြေဖနောင့်က ခြောက်သွေ့အက်ကွဲနေရင် အဆီ (ဥပမာ သံလွင်ဆီ၊ အလှဆီ) တစ်မျိုးမျိုး လိမ်းပြီး ခြေစွပ် စွပ်ထားရပါမယ်။ ခြေထောက်သန့်ရှင်းရေးကို အထူး ဂရုစိုက်ရပါမယ်။ ဖုန်၊ အမှိုက် သန့်ရှင်းရေး ကို ရေအေးအေးလေးနဲ့ လုပ်ရပါမယ် . . .’

ခြေဖနောင့်ကွဲတာ သက်သာအောင် ဘယ်လို လုပ်သင့်သလဲ

– ခြေကွဲစတွေကို ဆွဲဖယ်လိုက်ရင် သွေးထွက်ပြီး ပိုနက်သွားတတ်တယ်။ ခြေသည်းညှပ် ဒါမှမဟုတ် ကတ်ကြေးလေးနဲ ့ညှပ်ပေးရပါမယ်။

– ဗီတာမင်အားဆေး၊ ဇင့်(သွပ်)ဓာတ်နဲ့ ငါးကြေးဆီတွေ သောက်သင့်ပါတယ်။

– ခြေဖနောင့်က ခြောက်သွေ့အက်ကွဲနေရင် အဆီ (ဥပမာ သံလွင်ဆီ၊ အလှဆီ) တစ်မျိုးမျိုး လိမ်းပြီး ခြေစွပ် စွပ်ထားရပါမယ်။

– ခြေထောက် သန့်ရှင်းရေးကို အထူးဂရုစိုက်ရပါမယ်။ ဖုန်၊ အမှိုက် သန့်ရှင်းရေးကို ရေအေးအေးလေးနဲ့ လုပ်ရပါမယ်။

– ထူနေတဲ့ အရေပြားကို အသာအယာ ပွတ်တိုက် နိုင်ပါတယ်။ သွေးထွက်လောက်အောင် မပွတ်တိုက်ရပါဘူး။

– အာဟာရဓာတ် လုံလောက်မျှတအောင် စားရပါမယ်။ ဥပမာ- ဗီတာမင်အီး၊ ကယ်လ်ဆီယမ်၊ ဇင့်(သွပ်)ဓာတ်၊ သံဓာတ်နဲ ့ ငါးကြီးဆီတွေကို မှီဝဲသင့်ပါတယ်။

– လေ့ကျင့်ခန်းမှန်မှန် လုပ်ရမယ်။

– ဖိနပ်ချွတ်ပြီး လမ်းလျှောက်တာမျိုးကို ရှောင်ရပါမယ်။

– ရေစိုစိုထဲ အကြာကြီး စိမ်ချိုးတာမျိုး ရှောင်ရပါမယ်။ အဝတ်လျှော်ရင်တောင် ခြေထောက်ကို ရေစိမ်တာနည်းအောင် သတိထားရပါမယ်။

– အရေပြားပေါ်က သဘာဝအရ ဖုံးအုပ်ထားတဲ့ အဆီလွှာ ထိခိုက်နိုင်တဲ့ ဆပ်ပြာပြင်းပြင်းနဲ့ တိုက်ချွတ်တာမျိုးကို ရှောင်ရပါမယ်။

Most Popular

Healthy Life Ad
To Top