Healthy Life Ad
International

ပိုင်ဆိုင်သမျှ ရောင်းချပြီး ကားထဲမှာ နေထိုုင်ကာ ကလေးအသက်ကို ကယ်တင်

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ အသက် ၃၃ နှစ် အရွယ်တွေရှိကြပြီဖြစ်တဲ့ ဘန်ကာနဲ့မာဂရက်တို့ လင်မယားဟာ ကလေး ၃ယောက်ရှိပါတယ်။ တစ်နှစ် အရွယ် အငယ်ဆုံးသမီးလေး ရူဘီပါးလ်ကိုကိုယ်ဝန်ဆောင်ချိန်က ရေမြွှာရည်နိမ့်ကျတာကိုသာတွေ့ရှိရပေမယ့် မွေးဖွားလာချိန်မှာ ၄ ပေါင် ၁၀ အောင်စရှိတဲ့ ရူဘီလေးမှာ မွေးရာပါရောဂါပေါင်းစုံပါ ဝင်လာပါတယ်။ နှလုံးမှာအပေါက်တွေပါပြီး မျက်စိမမြင်၊ နားမကြား၊ ရေတိမ်၊ ဝက်ရူးပြန် အတက်ရောဂါနဲ့ အဆုတ်ရောဂါတို့ခံစားနေရပါတယ်။ ဆရာဝန်တွေက နာရီပိုင်းသာ အသက်ရှည်မယ်လို့ ခန့်မှန်းပေမယ့် ရူဘီလေးက အခုအခါ အသက်တစ်နှစ်အရွယ်ရှိနေပါပြီ။ အသက် ၁နှစ်အတွင်း ဆေးရုံတက်လိုက်ဆင်း လိုက်လုပ်နေခဲ့ရပြီး ၁၅ကြိမ်သွေးသွင်းခဲ့ရပါတယ်။သေမင်းချောက်ကမ်းပါးက အကြိမ်ကြိမ်လွတ်မြောက်နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့မေလက နမိုးနီးယားရောဂါကြောင့် ဆရာဝန်တွေကလက်လျှော့ခဲ့ပြီး သေဆုံးကလေးငယ်တွေထားတဲ့ အခန်းမှာ ထားခဲ့ရပါသေးတယ်။ ကံကောင်းထောက်မစွာပဲ ရူဘီက အသက်ပြန်ရှူနိုင်ခဲ့ကာ သေမင်းကလွတ်မြောက်နိုင်ခဲ့ပါတယ်။ ဆေးအာမခံငွေနဲ့ မလုံလောက်တော့ဘဲ ကုသစရိတ်အတွက် ပိုင်ဆိုင်သမျှရောင်းချခဲ့ရာမှာ မိသားစုက အခု အခါ ပေ ၂၀ရှည်တဲ့ကားတစ်စီးပေါ်မှာ နေထိုင်နေရပါတယ်။

“လူတွေက ကျွန်မတို့ဆီမှာ ဘာမှမရှိတော့ဘူး လို့ထင်ကြမှာပါ။ တကယ်တော့ မိသားစုစုံစုံညီညီ ရှိနေတာက ကျွန်မတို့ ပိုင်ဆိုင်တဲ့အရာပါ။အနာဂတ်မှာ စိန်ခေါ်မှုအကြီးကြီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် ဒါအတွက် စိတ်ဓာတ်ကျနေမှာမဟုတ်ပါဘူး”လို့ မိခင်မာဂရက်က ပြောပါတယ်။

သူတို့မိသားစုက ကုသစရိတ်အတွက် အလှူခံနေပြီး အလှူငွေလုံလောက်ရင် ရူဘီရဲ့အဆုတ်အ တွက်သင့်တော်မယ့် ခြောက်သွေ့ရာသီဥတုရှိရာ အူတာပြည်နယ်သို့ ရွှေ့ပြောင်းဖို့ စီစဉ်နေတယ်လို့သိရ ပါတယ်။

(Ref; People)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top